Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၏ ရှေးဟောင်းမြို့တော် ရှီးအန်းက အပြည်ပြည်ဆိုင်ရာ တိုက်ရိုက်လေကြောင်းခရီးစဥ်နှစ်ခု စတင်ပြေးဆွဲ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ Giant Wild Goose စေတီတော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဆန်ရှီးပြည်နယ်ရှိ ရှေးဟောင်းမြို့တော် ရှီးအန်းက ဗီယက်နမ်နိုင်ငံ Phu Quoc ကျွန်းနှင့် ဂျပန်နိုင်ငံ နာဂိုယာမြို့ဆီသို့ တိုက်ရိုက်လေကြောင်းခရီးစဥ် နှစ်ခုအား ဒီဇင်ဘာ ၂၀ ရက်၌ အသီးသီး စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ရှီးအန်းမြို့နှင့် အရှေ့တောင်အာရှ၏ ခရီးသွားအပန်းဖြေကျွန်း Phu Quoc အကြား အသွားအပြန် လေယာဥ်ခရီးစဥ်များကို ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲမည်ဖြစ်သည်။ ရှီးအန်းမြို့နှင့် နာဂိုယာမြို့အကြား အသွားအပြန် လေယာဥ်ခရီးစဥ်များကိုမူ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့တို့တွင် အပတ်စဥ် ပြေးဆွဲသွားမည်ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZMD

………………………………………………………………………
(English Version)
China’s ancient capital Xi’an launches two direct int’l air routes
The ancient capital Xi’an, in northwest China’s Shaanxi Province, launched two direct air routes on Friday to Phu Quoc Island in Vietnam and Japan’s Nagoya, respectively.
The round-trip flights between Xi’an and Phu Quoc Island, a tourist resort in Southeast Asia, will operate three times a week, on Wednesdays, Fridays and Sundays. The round-trip flights between Xi’an and Nagoya will operate every Monday, Wednesday, Friday and Saturday. xhtxs.cn/ZMD
English Caption
An aerial drone photo taken on Nov. 17, 2023 shows a view of the Giant Wild Goose Pagoda in Xi’an, northwest China’s Shaanxi Province. (Xinhua/Shao Rui)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.