Africa & Middle East
ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အပြီးသတ်လုနီးပါး ဖြစ်နေပြီဟု ပါလက်စတိုင်း သတင်းရင်းမြစ် ပြောကြား
ဂါဇာကမ်းမြောင်ဒေသတွင် မကြာမီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိတော့မည်ဖြစ်ကာ သတ်မှတ်ချက်အများစုအား သဘောတူညီထားပြီးဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၁ ရက်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အဆိုပြုထားသော သဘောတူညီချက် မူကြမ်း၌ တိုက်ပွဲများကို တဖြည်းဖြည်းရပ်တန့်ရေး၊ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးတို့ ပါဝင်သည့်အပြင် နောက်ဆုံးအဆင့် သဘောတူညီချက်၌ အကျဥ်းသားများနှင့် ဓားစာခံများကို အလုံးစုံလဲလှယ်ရေး၊ အစ္စရေး-ဟားမက်စ် စစ်ပွဲအား အပြီးတိုင် အဆုံးသတ်ရေးတို့လည်း ပါဝင်သည်ဟု အမည်မဖော်လိုသည့် ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)
………………………………………………………………………………
(English Version)
Gaza ceasefire agreement nearly finalized: Palestinian source
A ceasefire agreement in the Gaza Strip is imminent, with most of its terms already agreed upon, a senior official from the Palestinian Islamic Jihad movement told Xinhua on Saturday.
The official, who required anonymity, said the proposed agreement outlines a gradual cessation of hostilities and the withdrawal of Israeli forces from the Gaza Strip, with the final deal also including a comprehensive prisoner-for-hostage exchange and a permanent end to the war between Hamas and Israel.