Connect with us

Africa & Middle East

ဟားမက်စ်ခေါင်းဆောင် ဟာနီယာကို လုပ်ကြံခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံ

ဟားမက်စ်အဖွဲ့ နိုင်ငံရေးဗျူရို အကြီးအကဲ အစ္စမေးလ် ဟာနီယာ (အလယ်) အား အီရန်နိုင်ငံ တီဟီရန်မြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အစ္စ‌ရေးအနေဖြင့် ဟားမက်စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာကို တီဟီရန်၌ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဒီဇင်ဘာ ၂၃ ရက်၌ ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံခဲ့သည်။ ဟာနီယာသည် အီရန် သမ္မတဟောင်း အီဘရာဟင် ရာအီစီ၏ ဈာပနအခမ်းအနား တက်ရောက်ရန် တီဟီရန်သို့ သွားရောက်စဥ်အတွင်း ဇူလိုင် ၃၁ ရက်၌ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ကာကွယ်ရေးဝန်ကြီးဌာန အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားရာ၌ ကတ်ဇ်က ဒီဇင်ဘာ ၂၃ ရက် အစောပိုင်းတွင် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည့် ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့ကိုလည်း သတိပေးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအား အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များက ကြားဖြတ်ပစ်ချခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားထားသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZQQ
……………………
(English Version)
Israeli defense minister claims responsibility for killing Hamas leader Haniyeh for 1st time
Israeli Defense Minister Israel Katz on Monday admitted for the 1st time that Israel assassinated Hamas leader Ismail Haniyeh in Tehran. Haniyeh was killed on July 31 during a visit to Tehran to attend former Iranian President Ebrahim Raisi’s funeral.
Speaking at a Defense Ministry event, Katz also issued a warning to Houthi forces in Yemen after they launched another drone attack earlier on Monday, which the Israeli military said was intercepted by its air defense systems. xhtxs.cn/ZQQ
English Caption
This photo shows Hamas Politburo Chief Ismail Haniyeh (C) in Tehran, Iran, July 30, 2024. (Xinhua/Shadati)