International Organizations
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ထိပ်ဆုံးအဆင့်-၁၀ စာရင်းဝင် အားကစားသမားများ/အသင်းများ
အားကစားပြက္ခဒိန် နှစ်တစ်နှစ် ကုန်ဆုံးရန် နီးကပ်လာချိန်တွင် ဆင်ဟွာသတင်းဌာနက ၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ထိပ်ဆုံးအဆင့်-၁၀ စာရင်းဝင် အားကစားသမားများ/အသင်းများကို ရွေးချယ်ဖော်ပြခဲ့သည်။
၁။ မာလုံ (အမျိုးသား-စားပွဲတင်တင်းနစ်)
မာသည် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် တရုတ်အမျိုးသားအသင်း ရွှေတံဆိပ် ဆွတ်ခူးနိုင်စေရန် အဓိက အခန်းကဏ္ဍမှ ပံ့ပိုးပေးခဲ့သလို ရွှေတံဆိပ်ဆု ၆ ခု ရရှိထားသဖြင့် တရုတ်နိုင်ငံ၏ အအောင်မြင်ဆုံး အိုလံပစ်ပြိုင်ပွဲဝင် ဖြစ်လာခဲ့သည်။
၂။ Pan Zhanle (အမျိုးသား-ရေကူး)
Pan သည် ဒိုဟာမြို့တွင် ကျင်းပသည့် ၂၀၂၄ ခုနှစ် World Aquatics ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ခု ဆွတ်ခူးခဲ့သလို တရုတ်နိုင်ငံတွင် ကျင်းပသည့် 4x100m အလွတ်ကူး လက်ဆင့်ကမ်းပြိုင်ပွဲတွင်လည်း မီတာ ၁၀၀ အမျိုးသားအလွတ်ကူး ပြိုင်ပွဲအမျိုးအစားတွင် ကမ္ဘာ့စံချိန်ချိုးခဲ့သည်။
၃။ ကျိန့်ချင်းဝန် (အမျိုးသမီး-တင်းနစ်)
ကျိန့်သည် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် တစ်ဦးချင်း အိုလံပစ်ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့် အာရှမှ ပထမဆုံး အားကစားသမားဖြစ်လာခဲ့သည်။ ကျိန့်ချင်းဝန်သည် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး ယင်းသည် ဂရင်းစလင်းပြိုင်ပွဲတွင် ၎င်းအတွက် အကောင်းဆုံးရလဒ်လည်းဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် ကျိန့်သည် WTA Wuhan Open နှင့် WTA Finals ပြိုင်ပွဲတွင်လည်း ဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။
၄။ တရုတ်စည်းချက်ညီကျွမ်းဘားအသင်း
တရုတ်နိုင်ငံ၏ စည်းချက်ညီ ကျွမ်းဘားအားကစားအသင်းက ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ရမှတ် ၆၉.၈၀၀ မှတ်ဖြင့် အိုလံပစ်ရွှေတံဆိပ်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့သည်။
၅။ Deng Yawen (အမျိုးသမီး-စက်ဘီးစီးအားကစား)
Deng သည် ပဲရစ်အိုလံပစ်ပြိုင်ပွဲ၊ အမျိုးသမီး Park Event ပြိုင်ပွဲ၌ ရမှတ် ၉၂.၆၀ မှတ်ဖြင့် BMX အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံး တရုတ်စက်ဘီးစီးအားကစားမယ်ဖြစ်သည်။
ထို့အတူ နံပါတ်-၆ နေရာတွင် Quan Hongchan (အမျိုးသမီး-ရေကူးအားကစား)၊ နံပါတ်-၇ နေရာတွင် Yang Jiayu (အမျိုးသမီး-ပြေးခုန်ပစ်အားကစား)၊ နံပါတ်-၈ နေရာတွင် Sheng Lihao (အမျိုးသား-သေနတ်ပစ်အားကစား) နံပါတ်-၉ နေရာတွင် Jiang Yuyan (အမျိုးသမီး- para swimming)၊ နံပါတ်-၁၀ နေရာတွင် Deng Zhixuan (အမျိုးသမီး-ကိုယ်ခံပညာရပ်) တို့ကိုလည်း အသီးသီးရွေးချယ်ထားကြောင်း သိရသည်။
…..
— ချဲလ်ဆီးကစားသမားဟောင်း အော်စကာ ဆော်ပေါ်လိုအသင်းထံ ပြန်လည်ပြောင်းရွှေ့
ဘရာဇီး စီးရီးအေကလပ် ဆော်ပေါ်လိုအသင်းက ၎င်းတို့အနေဖြင့် ချဲလ်ဆီးအသင်း၏ ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ အော်စကာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ်ခေါ်ယူ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်၌ ကြေညာခဲ့သည်။
အသက် ၃၃ နှစ်အရွယ် အော်စကာမှာ တရုတ်စူပါလိဂ် (CSL) ကလပ် ရှန်ဟိုင်းပို့ထ်နှင့် ယခုလအစောပိုင်းတွင် လမ်းခွဲပြီးနောက် ၎င်း၏ကစားသမားဘဝ အစပြုခဲ့ရာ ဆော်ပေါ်လိုအသင်းထံ ၃ နှစ်စာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
…..
— ကားလို့စ် ကော်ဘရန်က ဝက်စ်ဘရွန်းမှ ထွက်ခွာကာ လာလီဂါမှ ဗလင်စီယာအသင်းအား ကိုင်တွယ်မည်
စပိန်လာလီဂါ အမှတ်ပေးဇယား အောက်ဆုံးတွင် ပူးတွဲရပ်တည်နေသည့် ဗလင်စီယာအသင်းက ကားလို့စ် ကော်ဘရန်အား ပထမအသင်းနည်းပြအဖြစ် ဒီဇင်ဘာ ၂၅ ရက်က ခန့်အပ်ခဲ့ကြောင်း သိရသည်။
ဗလင်စီယာမြို့ ဇာတိဖြစ်သည့် အသက် ၄၁ နှစ်အရွယ် ကော်ဘရန်မှာ အင်္ဂလန် ချန်ပီရှစ်ကလပ် ဝက်စ်ဘရွန်းအသင်းမှ ထွက်ခွာကာ ဗလင်စီယာနည်းပြအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။ ဗလင်စီယာအသင်းက အလာဗက်စ်အား အိမ်ကွင်း၌ ၂ ဂိုးစီ သရေကျခဲ့ကာ လာလီဂါပွဲစဥ် ၁၇ ပွဲတွင် ရမှတ် ၁၂ မှတ်သာ ရရှိခဲ့ပြီးနောက် အသင်းအနေဖြင့် နည်းပြ ရူဘင် ဘာရာဟာကို ဒီဇင်ဘာ ၂၃ ရက်၌ ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………………….
(English Version)
Yearender: Top 10 Chinese athletes/teams of 2024
As the sporting calendar draws to a close, Xinhua News Agency has selected the top 10 Chinese athletes/teams for 2024.
1. Ma Long (male, table tennis)
Ma helped China secure the table tennis men’s team gold at the Paris 2024 Olympic Games, becoming China’s most decorated Olympian with six gold medals.
2. Pan Zhanle (male, swimming)
At the 2024 World Aquatics Championships in Doha, Pan won four gold medals and broke the men’s 100m freestyle world record in China’s 4x100m freestyle relay victory.
3. Zheng Qinwen (female, tennis)
Zheng became the first Asian player to win an Olympic singles gold at the Paris Olympics. She finished runner-up at the Australian Open for her best Grand Slam result. The 22-year-old was also a finalist at the WTA Wuhan Open and WTA Finals.
4. China rhythmic gymnastics team
China’s rhythmic gymnastics team clinched its first-ever Olympic gold medal with 69.800 points in the group all-around final at the Paris Olympics.
5. Deng Yawen (female, BMX)
Deng won China’s first BMX Olympic gold in the women’s park event with 92.60 points at the Paris Olympics.
6. Quan Hongchan (female, diving)
7. Yang Jiayu (female, athletics)
8. Sheng Lihao (male, shooting)
9. Jiang Yuyan (female, para swimming)
10. Deng Zhixuan (female, martial arts)
…..
Oscar returns to Sao Paulo
Sao Paulo has completed the signing of former Chelsea midfielder Oscar on a free transfer, the Brazilian Serie A club said on Tuesday.
The 33-year-old agreed to a three-year contract with the club that launched his career after parting ways with Chinese Super League (CSL) club Shanghai Port earlier this month.
…..
Carlos Corberan takes over at struggling Valencia after leaving West Brom
La Liga’s joint bottom club, Valencia on Wednesday named Carlos Corberan as its new first team coach.
The 41-year-old who is from Valencia, leaves English Championship side, West Bromwich Albion to replace Ruben Baraja after the former coach was sacked on Monday after Valencia’s 2-2 draw at home to Alaves left it with just 12 points from its first 17 matches of the campaign.