Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် လီဗာပူးလ်က အမှတ်ပိုမိုဖြတ်ထားနိုင်ခဲ့ပြီး ဖူလ်ဟမ်က ချဲလ်ဆီးကို အနိုင်ယူ
ဒီဇင်ဘာ ၂၆ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် လက်စတာစီးတီးအသင်း၏ ပရီးမီးယားလိဂ်‌ ပွဲစဥ်တွင် လီဗာပူးလ်က အိမ်ကွင်း၌ ပွဲဦးထွက် ဂိုးအသွင်းခံခဲ့ရသော်လည်း ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဘောက်ဆင်ဒေး၏ နောက်ဆုံးပွဲစဥ်ဖြစ်သည့် အဆိုပါပွဲစဥ်တွင် ဂျော်ဒန်အာယူးက ပွဲစပြီး ၆ မိနစ်အကြာ၌ လက်စတာအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။
သို့သော် ပထမပိုင်း နာကျင်အချိန်ပိုတွင် လီဗာပူးလ်အသင်းမှ ကိုဒီဂတ်ပိုက ပင်နယ်တီဧရိယာအပြင်ဘက်မှ လက်စတာဂိုးပေါက်၏ အဝေးထောင့်ကို လှလှပပကန်သွင်း၍ ချေပဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်း ပွဲစပြီး ၄ မိနစ်အကြာတွင် ကာတစ်စ်ဂျုံးစ်က မက်အယ်လစ်စတာ၏ ဖြတ်တင်ဘောမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် မိုဟာမက် ဆာလာက ဂတ်ပို၏ သေသေသပ်သပ် ပေးပို့မှုမှတစ်ဆင့် ပွဲချိန် ၈၂ မိနစ်တွင် လီဗာပူးလ်အတွက် အနိုင်သေချာစေမည့် တတိယ‌ဂိုးအား သွင်းယူခဲ့သည်။
ဖူလ်ဟမ်အသင်းကလည်း ဒုတိယနေရာမှ ချဲလ်ဆီးအား စတမ်းဖို့ဘရစ်ဂျ်၌ ၂-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီး ယင်းသည် ၁၉၇၉ ခုနှစ်နောက်ပိုင်း ဖူလ်ဟမ်အသင်းက ချဲလ်ဆီးအိမ်ကွင်း၌ ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
…..
— ပါလ်မီးရက်စ်အသင်းက ဖူလ်ဟမ်ကွင်းလယ်လူ ပါရဲယားကို ခေါ်ယူရန် ဆွေးနွေးနေ
ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမား အန်ဒရေစ် ပါရဲယားမှာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းမှ ပါလ်မီးရက်စ်အသင်းထံ ပြောင်း‌ရွှေ့ရန် နီးစပ်နေပြီဟု မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျက်ရှိသည်။
ဘရာဇီး စီးရီးအေကလပ် ပါလ်မီးရက်စ်က အသက် ၂၈ နှစ်အရွယ် ပါရဲယားကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ခေါ်ယူရန် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၁ သန်းဝန်းကျင်) ဖြင့် ကမ်းလှမ်းထားကြောင်း Globo Esporte သတင်းဌာနက ဒီဇင်ဘာ ၂၆ ရက်၌ ဖော်ပြခဲ့သည်။
ပါရဲယား၏ ကိုယ်စားလှယ်များကလည်း လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်သဘောတူညီမှု ရယူနိုင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းသတင်းဌာနက ဆိုသည်။
…..
— နာမည်ကြီး ကျိန့်ချင်းဝန် မပါသည့် တရုတ်တင်းနစ်အသင်း United Cup တွင် အခက်ကြုံရဖွယ်ရှိ
တင်းနစ်ရာသီ၏ အဖွင့်ပြိုင်ပွဲဖြစ်သည့် United Cup တင်းနစ်ပြိုင်ပွဲအား ဒီဇင်ဘာ ၂၇ ရက်၌ စတင်ကျင်းပမည်ဖြစ်ကာ ကမ္ဘာ့အဆင့်-၅ တင်းနစ်မယ် ကျိန့်ချင်းဝန်ကိုယ်စား ပါဝင်ယှဥ်ပြိုင်မည့် Gao Xinyu အတွက် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ ဆီဒင်သတ်မှတ်ချက် အမြင့်ဆုံး အမျိုးသားတင်းနစ်ကစားသမား Zhang Zhizhen နှင့်တွဲဖက်၍ ပြိုင်ပွဲဝင်မည်ဖြစ်သည်။
နိုင်ခြေအဆင့်-၅ အဖြစ် သတ်မှတ်ခံရသည့် တရုတ်အသင်းမှာ ဩစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ ပရိသတ်ဦးရေ ၁၅,၀၀၀ ဆံ့ RAC Arena အားကစားကွင်း၌ ဒီဇင်ဘာ ၂၇ ရက်တွင် ဘရာဇီးအသင်းနှင့် ပွဲဦးထွက်ရင်ဆိုင်ရမည်ဖြစ်သည်။ ကမ္ဘာ့နံပါတ်-၂ အလက်ဇန်းဒါး ဇဲဗရက်ဗ် ဦးဆောင်သော လက်ရှိချန်ပီယံ ဂျာမနီအသင်းမှာလည်း အုပ်စု-E တွင် ပါဝင်နေသည်။ (Xinhua)


………………………
(English Version)
Liverpool extends lead, Fulham stuns Chelsea in Premier League
Liverpool extended its lead at the top of the Premier League after coming back from a goal down to win 3-1 at home to Leicester City on Thursday.
The last match on a busy Boxing Day fixture list kicked off with Jordan Ayew putting Leicester ahead after just six minutes.
Leicester held on until first half injury time when Cody Gakpo scored a stunning shot that curled into the far corner of the goal from outside the penalty area, and Curtis Jones turned in Alexis Mac Allister’s cross four minutes into the second half to put Liverpool ahead.
Mohamed Salah assured the win eight minutes from time after a smart pass from Gakpo allowed him to slide the ball into the far corner of the net.
Fulham stunned second-place Chelsea with a 2-1 win at Stamford Bridge – its first there in the league since 1979.
…..
Palmeiras in talks to sign Andreas Pereira
Brazil international midfielder Andreas Pereira is close to joining Palmeiras from English Premier League side Fulham, according to widespread media reports.
The Brazilian Serie A club presented an offer of 20 million euros (around 21 million U.S. dollars) to secure the 28-year-old in January 2025, Globo Esporte said on Thursday.
It added that Pereira’s representatives were confident that a deal would be completed in the coming days.
…..
China faces tough task at United Cup without star Zheng
Gao Xinyu will face the formidable challenge of replacing women’s world No. 5 Zheng Qinwen when she partners with Zhang Zhizhen, China’s highest-ranked men’s player, at the season-opening United Cup starting on Dec. 27.
Fifth-seeded China opens its tournament against Brazil on Friday at the 15,000-seat RAC Arena in Perth. Defending champion Germany, led by men’s world No. 2 Alexander Zverev, is also in Group E.