Connect with us

Asia

ထိုင်းနိုင်ငံက BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် ဖိတ်ခေါ်မှုကို လက်ခံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌ သွားလာနေသူများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် ဖိတ်ခေါ်မှုကို လက်ခံကြောင်း BRICS အဖွဲ့၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ရုရှားနိုင်ငံထံ အကြောင်းကြားထားသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နီကွန်းဒက် ဘာလန်ကူရာက ဒီဇင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ စီးပွားရေး အခွင့်အလမ်းများ တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ ယင်းနိုင်ငံများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်အား အထောက်အကူပြုလျက်ရှိသော အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြလျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲ၌ နီကွန်းဒက်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZY5
…………………………………………………
(English Version)
Thailand accepts invitation to be BRICS partner country
Thailand has notified Russia, the current chair of the BRICS group, its acceptance to be a partner country, Thai Foreign Ministry spokesperson Nikorndej Balankura said on Thursday.
As a partner country, Thailand seeks to elevate cooperation with BRICS members to enhance economic opportunities, and highlight its role in fostering cooperation among developing countries and supporting a multilateral system that benefits more of these nations, Nikorndej told a press conference. xhtxs.cn/ZY5
English Caption
People stroll at a shopping mall in Bangkok, Thailand, Nov. 5, 2024. (Xinhua/Rachen Sageamsak)
Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.