Connect with us

Business

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲ ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲကို ရန်ကုန် ကွန်ဗင်းရှင်းစင်တာ၌ ဇန်နဝါရီလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဆိုလာနှင့် အီလက်ထရွန်နစ်ထုတ်ကုန်များ ပါဝင်ပြသမည့် အဆိုပါကုန်စည်ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၁၀၀ ကျော် ဝင်ရောက်ပြသမည်ဟု ၎င်းက ဆိုသည်။
ထိုကုန်စည်ပြပွဲ၌ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ အီလက်ထရွန်နစ်အရောင်းဆိုင် ၂၇၀ ကျော်၏ ဆွေးနွေးမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်စက်ဘီးများ၊ အီလက်ထရွန်နစ်ထုတ်ကုန်များနှင့် မီးစက်များ ထုတ်လုပ်သည့် စက်ရုံပေါင်း ၁,၈၀၀ ကျော်လည်း ကုန်စည်ပြပွဲသို့ တက်ရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ လက်လီရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုန်စည်ပြပွဲအတွင်း ထုတ်ကုန်များကို လျှော့ဈေးများဖြင့်လည်း ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲကို ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။ (Xinhua)
………………………
(English Version)
Myanmar’s power, solar expo to be held in Myanmar’s Yangon

YANGON, Dec. 28 (Xinhua) — The Myanmar Power and Solar Energy Storage Lighting Expo 2025 will be held in January at the Yangon Convention Center, the event organizer said on Saturday.
The expo, which will feature solar and electronic products, is expected to attract over 100 local and international companies, he said.
The expo will also include discussions of over 270 electronic shops from China and Myanmar. Over 1,800 factories producing e-bikes, electronic products, and generators will attend the event to meet with retailers across Myanmar, he said.
The products will also be sold at discounted prices during the event, he added.
The event in Yangon will run from Jan. 10 to 12, he said.