Connect with us

Africa & Middle East

ယီမင်နိုင်ငံ အလယ်ပိုင်းတွင် အမေရိကန်၏ MQ-9 ဒရုန်းကို ပစ်ချခဲ့ဟု ဟူသီအဖွဲ့ ပြောကြား

ယီမင်နိုင်ငံ မြောက်ပိုင်း၊ ဆာဒါမြို့ရှိ တောင်ကုန်းတစ်ခုပေါ်တွင် အမေရိကန်၏ MQ9 ကင်းထောက်ဒရုန်းဟုဆိုသည့် ဒရုန်းတစ်စင်း၏ အပျက်အစီးကို ဟူသီအဖွဲ့က ၂၀၂၄ ခုနှစ် ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ထားသော ဗီဒီယို၌ တွေ့ရစဥ် (ဆင်ဟွာ)

ယီမင်နိုင်ငံ အလယ်ပိုင်း၊ အယ်လ်-ဘေဒါပြည်နယ်၌ ရန်ပြုသော မစ်ရှင်များ လုပ်ဆောင်နေသည့် အမေရိကန်၏ MQ-9 ဒရုန်းတစ်စင်းကို မိမိတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များက အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း ယီမင်ရှိ ဟူသီအဖွဲ့က ဒီဇင်ဘာ ၂၈ ရက်၌ ကြေညာခဲ့သည်။
ထိုကဲ့သို့ ပစ်ချလိုက်သည့် ဒရုန်းမှာ ယီမင်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ဂါဇာဒေသရှိ ပါလက်စတိုင်းများကို အထောက်အကူပေးရန် ရည်ရွယ်သော ဟူသီအဖွဲ့၏ လတ်တလော စစ်ဆင်ရေးများအတွင်း လေကြောင်းရန်ကာကွယ်ရေး စနစ်များဖြင့် ကြားဖြတ်ပစ်ချခဲ့သည့် အမေရိကန်၏ ၁၃ စင်းမြောက် ဒရုန်းဖြစ်ကြောင်း ဟူသီအဖွဲ့၏ စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူ ယာယာ ဆာရီယာက ဗီဒီယို သတင်းထုတ်ပြန်မှုတစ်ခု၌ ပြောကြားခဲ့ကာ ယင်းသို့ပစ်ချရာ၌ မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်လက်နက် အသုံးပြုခဲ့သနည်း ဆိုသည်ကိုမူ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Z2a
…………………..
(English Version)
Houthis claim downing U.S. MQ-9 drone in central Yemen
Yemen’s Houthi group announced Saturday that its air defenses have successfully downed a U.S. MQ-9 drone which was conducting “hostile missions” over central Yemen’s al-Bayda province.
The downed drone is the 13th U.S. drones intercepted by Houthis’ air defenses during the group’s latest military operations aimed at defending Yemen’s sovereignty and supporting the Palestinians in Gaza, Houthi military spokesperson Yahya Sarea said in a video briefing, without elaborating on the methods or weapons involved in the downing. xhtxs.cn/Z2a
English Caption
The screenshot captured from a video released by the Houthi group on April 27, 2024 shows the wreckage of what it said was a “U.S. MQ9 spy drone” in a mountain in Saada, northern Yemen. (Xinhua)