Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် မန်ချက်စတာစီးတီး သရေတစ်မှတ်သာ ရရှိခဲ့ကာ မန်ချက်စတာယူနိုက်တက်က နော့တင်ဟမ်ဖောရက်စ်အား အိမ်ကွင်း၌ ရှုံးနိမ့်
ဒီဇင်ဘာ ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွင် မန်ချက်စတာစီးတီးအသင်းမှာ ပုံစံကောင်း ဆက်လက်ပြသနိုင်ရန် ရုန်းကန်ခဲ့ရပြီး ၂ ဂိုးစီ သရေရလဒ်သာ ရရှိခဲ့သည်။
မန်စီးတီးအသင်းက ပြီးခဲ့သည့် ပရီးမီးယားလိဂ် ကြားပွဲစဉ်တွင် နော့တင်ဟမ်ဖောရက်စ်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ယခုရလဒ်သည် နည်းပြပက်ပ်ဂွါဒီယိုလာအဖို့ စိတ်ပျက်စရာဖြစ်ခဲ့သည်။ ပဲလေ့စ်အသင်းက မန်စီးတီးအသင်း၏ ခံစစ်ပိုင်း အမှားအယွင်းများကို အသုံးချ၍ ပွဲစပြီး လေးမိနစ်အကြာတွင် အဖွင့်ဂိုးသွင်းယူခဲ့သည်။
အာလင်ဟာလန်းက ပွဲချိန်မိနစ် ၃၀ တွင် ပါးပါးနပ်နပ် ခေါင်းတိုက်သွင်း၍ ချေပဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း နောက်ဆုံးလေးပွဲ၌ ရှုံးပွဲမရှိသေးသည့် ပဲလေ့စ်အသင်းအတွက် မက်ဆန့်စ် လာခရွိုက်စ်က ဒုတိယပိုင်းပြန်စပြီး ၁၀ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ မန်စီးတီးအတွက် ချေပဂိုးကိုမူ ရီကို လူးဝစ္စက သွင်းယူပေးခဲ့ပြီး သရေတစ်မှတ် ရယူပေးခဲ့သည်။
နည်းပြသစ် ရူဘင်အာမိုရင်မ်၏ မန်ချက်စတာယူနိုက်တက်အသင်းကမူ နော့တင်ဟမ်ဖောရက်စ်အသင်းအား အိမ်ကွင်း၌ ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းသည် အဲရစ်တန်ဟက်၏ နေရာတွင် အစားထိုးတာဝန်ယူပြီးနောက်ပိုင်း အာမိုရင်မ်အဖို့ ပရီးမီးယားလိဂ် ပွဲစဉ်သုံးပွဲတွင် ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
…..
— စပိန်လာလီဂါတွင် ဘာစီလိုနာအသင်း သရေကျခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်၏ ခြေစွမ်းပြမှုဖြင့် ဂျီရိုနာအား အနိုင်ရရှိ
ဒီဇင်ဘာ ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့သည့် လာလီဂါအမှတ်ပေးဇယား ဦးဆောင်သူ ဘာစီလိုနာအသင်းနှင့် ရီးရဲလ်ဘက်တစ်အသင်းတို့၏ စပိန်လာလီဂါပွဲစဉ်တွင် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ရီးရဲလ်မက်ဒရစ်အသင်းကမူ ဂျီရိုနာအသင်းအား အဝေးကွင်း၌ ၃-၀ ဂိုးပြတ် အနိုင်ရရှိကာ ဘာစီလိုနာအား နှစ်မှတ်အကွာမှ ဖိအားပေးလျက်ရှိသည်။ ရီးရဲလ်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၃၆ မိနစ်တွင် ဂျုဒ်ဘယ်လင်ဟမ်၊ ပွဲချိန် ၅၅ မိနစ်တွင် အာဒါဂူလာ၊ ပွဲချိန် ၆၂ မိနစ်တွင် အမ်ဘတ်ပေတို့က အသီးသီးသွင်းယူခဲ့သည်။
…..
— ဘွန်ဒက်စ်လီဂါတွင် ဘိုင်ယန်မြူးနစ် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား၌ ၆ မှတ်ဖြတ်၍ ဦးဆောင်
ဒီဇင်ဘာ ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက ဟိုင်ဒန်ဟိမ်းအသင်းအား ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဂျမားလ် မူစီယာလာက နှစ်ဂိုးသွင်းယူခဲ့သည်။ ယခုအနိုင်ရလဒ်ကြောင့် ဘိုင်ယန်အသင်းက အမှတ်ပေးဇယား၌ ၆ မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
…..
— ပြင်းထန်သော ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဝက်စ်ဟမ်းတိုက်စစ်မှူး မီခေး အန်တိုနီယို အခြေအနေ တည်ငြိမ်နေပြီဖြစ်
ပြင်းထန်သော ယာဉ်မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရသည့် တိုက်စစ်မှူး မီခေး အန်တိုနီယိုအတွက် ဆုမွန်ကောင်း တောင်းပေးပါကြောင်း၊ ယခုအခါ၌ ၎င်း၏အခြေအနေမှာ တည်တည်ငြိမ်ငြိမ် ရှိနေပြီဖြစ်ကြောင်း ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက ဒီဇင်ဘာ ၇ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

(241208) — GIRONA, Dec. 8, 2024 (Xinhua) — Endrick (R) of Real Madrid vies with Ladislav Krejci of Girona FC during the LaLiga football match between Real Madrid and Girona FC in Girona, Spain, on Dec. 7, 2024. (Photo by Joan Gosa/Xinhua)

……………………
(English Version)
Manchester City drops more points, Nottingham Forest stuns United at Old Trafford
Manchester City’s struggle for form continued on Saturday when it was held to a 2-2 draw away to Crystal Palace.
The result is frustrating for City coach Pep Guardiola after his side seemed to return to form with a 3-0 win at home to Nottingham Forest in midweek, but its defensive problems resurfaced in Palace’s opening goal as Kyle Walker played Daniel Munoz onside to open the scoring after just four minutes into the game.
Erling Haaland netted a smart header to level on the half hour, but Palace, who is now unbeaten in four games, retook the lead 10 minutes into the second half thanks to Maxence Lacroix. Rico Lewis saved a point for City in the 68th minute.
Nottingham Forest won 3-2 away to Manchester United to leave the latter’s new coach Ruben Amorim with two defeats from three Premier League games since replacing Erik ten Hag.
….
Barca draws away with Betis, Bellingham inspires Real Madrid to win in Girona
La Liga leader FC Barcelona dropped two more points on Saturday when it was held to a 2-2 draw away to Real Betis on Saturday.
The result gave Real Madrid the chance to move within two points of Barca, and after suffering for the opening half-hour of its visit to Girona, once Jude Bellingham put Madrid ahead in the 36th minute, it didn’t look back.
Bellingham set up Arda Guler for Madrid’s second goal 10 minutes after the break, and Kylian Mbappe added a third with a trademark finish in the 62nd minute.
…..
Bayern overpowers Heidenheim to extend lead in Bundesliga
Jamal Musiala scored twice as Bayern Munich beat a resilient Heidenheim 4-2 to extend its lead to six points in the Bundesliga on Saturday.
…..
West Ham striker Michail Antonio ‘stable’ after serious car crash
West Ham United has published a statement saying its “thoughts and prayers” are with Michail Antonio and confirmed he was in a stable condition after the striker suffered a serious car accident on Saturday.