Africa & Middle East
တန်ဇန်းနီးယားနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းဟီဒရာ တိုက်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၁၆၆ ဦးရှိလာ
ဒိုဒိုမာ၊ မေ ၁၁ ရက် (ဆင်ဟွာ)
တန်ဇန်းနီးယားနိုင်ငံ၌ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဟီဒရာ ဝင်ရောက်တိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် နောက်ထပ်သေဆုံးသူ ငါးဦးရှိလာသဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၁၆၆ ဦးအထိ တိုးလာကြောင်း ဝန်ကြီးချုပ်ကက်ဆင်မာဂျာလီဝါက လွှတ်တော်၌ မေ ၉ ရက်က ပြောကြားသည်။
တန်ဇန်းနီးယားနိုင်ငံ အိန္ဒိယသမုဒ္ဒရာကမ်းခြေသို့ မေ ၃ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမှာ နောက်ရက်များတွင် အားပျော့သွားပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းတို့ ဖြစ်ပွားလျက်ရှိရာ လူခုနစ်ဦး ဒဏ်ရာရရှိကြောင်း ၎င်းကပြောသည်။ အဆိုပါ သဘာဝဘေးကြောင့် လူပေါင်း ၁၈,၈၆၂ ဦး ထိခိုက်ခံစားခဲ့ရပြီး နေအိမ် ၈၇၇ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လင်ဒီ၊ မက်ဝါရာ၊ ကမ်းခြေများနှင့် မိုရိုဂိုရိုဒေသတို့ရှိလမ်းများ၊ တံတားများ၊ လျှပ်စစ်ပိုက်လိုင်းများ၊ ကျောင်းများနှင့် ကျန်းမာရေး စင်တာများမှာမျောပါသွားပြီး ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ရပ်နားထားရကြောင်း ၎င်းကဆက်လက်ပြောသည်။ (Xinhua)
…………………………..
(English Version)
Flash floods, Cyclone Hidaya raise death toll to 166 in Tanzania
DODOMA, May 9 (Xinhua) — The death toll from flash floods in Tanzania, triggered by heavy rains and Tropical Cyclone Hidaya, has risen to 166, with five more deaths reported by Prime Minister Kassim Majaliwa in the parliament on Thursday.
Majaliwa said that the cyclone, which struck Tanzania’s Indian Ocean coast on May 3 and weakened the following day, caused heavy rains and strong winds that injured seven people. The disaster affected 18,862 individuals, destroyed 678 houses, damaged 877 houses and submerged 543 houses.
He told the House in the capital city of Dodoma that the heavy rains washed away roads, bridges, electric poles, schools and health centers in Lindi, Mtwara, Coast and Morogoro regions, bringing economic activities such as fishing, farming and businesses to a halt.
Majaliwa said that the government, in collaboration with stakeholders, implemented response measures, including rescue missions for people trapped by flash floods, provision of relief supplies and renovation of damaged infrastructure. ■
Photo taken on April 25, 2024 shows buses in floodwater in Dar es Salaam, Tanzania.(Xinhua/Emmanuel Herman)