Connect with us

Culture & Entertainment

တရုတ်ဘာသာစကားသင်တန်းများက ဒေသခံများကို စိတ်အားထက်သန်မှုများရရှိစေ

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်ဘာသာစကားသင်တန်းစီမံကိန်း ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်ခြင်းဖြင့် တရုတ်ယဉ်ကျေးမှုကို ကောင်းမွန်စွာနားလည်သဘောပေါက်ကာ တရုတ်မိခင်ဘာသာစကားပြောကြားသူများနှင့် မိတ်ဆွေများ ရရှိခြင်း စသည့် အကျိုးကျေးဇူးမြောက်မြားစွာ ရရှိကြောင်း အသက် ၁၈ နှစ်အရွယ် မောင်ဖုန်းစင်ကြယ်က ပြောကြားခဲ့သည်။“တရုတ်စကားက ကမ္ဘာတစ်ဝန်း အကျယ်ပြန့်ဆုံးအသုံးပြုတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ဖြစ်သော ရန်ကုန်မြို့တွင် တရုတ်နိုင်ငံ CITIC သည် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၊ အခြားအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာပြည်သူလူထုအတွက် တရုတ်ဘာသာစကားသင်တန်းစီမံကိန်းကို ကြေညာခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်ဘာသာစကားသင်တန်းစီမံကိန်း ဖွင့်လှစ်ခြင်းအခမ်းအနားအတွင်း အမှာစကားပြောကြားနေသော CITIC Myanmar ဒုတိယအထွေထွေမန်နေဂျာ Ma Chuanfu ကို ၂၀၂၄ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်းစီမံကိန်း၏ တရုတ်ဘာသာစကားသင်တန်းများစွာကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ဖွင့်လှစ်ထားကြောင်း CITIC Myanmar ထံမှ သိရသည်။အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို မြှင့်တင်ပေးပြီး နောက်ပိုင်းတွင် လုပ်ငန်းခွင် အထူးသဖြင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီမှ အလုပ်လျှောက်ထားရာတွင် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း CITIC Myanmar ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော် တရုတ်စာလေ့လာနေတာ ၆ လရှိပါပြီ။ ဒီမှာ intermediate အတန်းအတွက် စာရင်းသွင်းထားပါတယ်” ဟု မောင်ဖုန်းစင်ကြယ်က ပြောခဲ့သည်။ ၎င်းအနေဖြင့် တရုတ်ယဉ်ကျေးမှုနှင့် လူမှုဘဝပုံစံကို ပိုမိုလေ့လာနိုင်ရန် တရုတ်နိုင်ငံသို့ သွားရောက်နိုင်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်စာအုပ်အရောင်းဆိုင်တွင် လာရောက်လေ့လာသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော်က နွေဦးပွဲတော်လိုမျိုး တရုတ်ပွဲတော်တွေကို သဘောကျတယ်” ဟု ဘိုးဘွားများက တရုတ်လူမျိုးများဖြစ်သည့် ၎င်းက ပြောကြားခဲ့သည်။အသက် ၂၆ နှစ်အရွယ် မဇွန်ပွင့်ဖြူသည် တရုတ်ဘာသာစကားသင်တန်းစီမံကိန်း၏ သင်တန်းတစ်ခုတွင် စာရင်းသွင်းထားသော ကျောင်းသူတစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် လွန်ခဲ့သော ၁၀ လအကြာက တရုတ်ဘာသာစကားကို စတင်လေ့လာခဲ့ကြောင်း သိရသည်။

“အိမ်မှာတော့ တရုတ်ရုပ်ရှင်ကားတွေ ကြည့်ရတာကြိုက်တယ်။ တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် တရုတ်ဘာသာစကားကို ပိုပြီးစိတ်ဝင်စားလာတယ်” ဟု မဇွန်ပွင့်ဖြူက ပြောသည်။အသက် ၂၂ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သော မခင်သန္တာကျော်က “ကျွန်မက တရုတ်ဘာသာစကားရော ယဉ်ကျေးမှုရော နှစ်ခုလုံးလေ့လာချင်လို့ ဒီသင်တန်းကို တက်ဖြစ်တာပါ” ဟု ဆိုသည်။

“တရုတ်စာလေ့လာနေတာ ၆ လလောက်ရှိပြီ။ တစ်ချိန်မှာ ကျွမ်းကျင်လာခဲ့ရင် တရုတ်စာသင်တဲ့ဆရာမဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု မခင်သန္တာကျော်က ပြောခဲ့သည်။တရုတ်နိုင်ငံတွင် ပညာသင်ကြားနေသော မောင်နှမများထံမှ စာအုပ်များ ဖတ်ရှုပြီးနောက် တရုတ်ယဉ်ကျေးမှုကို စိတ်ဝင်စားလာခဲ့သော မခင်သန္တာကျော်သည် ‌နောင်တစ်ချိန်တွင် တရုတ်နိုင်ငံသို့ ပညာတော်သင်သွားနိုင်မည်ဟုလည်း မျှော်မှန်းထားသူဖြစ်သည်။အခမဲ့ တရုတ်ဘာသာစကားသင်တန်းဖွင့်လှစ်‌ပေးခြင်းသည် အထူးသဖြင့် ငွေကြေးအခက်အခဲရှိသော ဒေသခံပြည်သူများအတွက် များစွာအကျိုးရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အသက် ၂၉ နှစ်အရွယ် တရုတ်စာသင်ဆရာမတစ်ဦးဖြစ်သော မအိဆွေဇင်က အခမဲ့ တရုတ်ဘာသာစကားသင်တန်းများက အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းရှာဖွေသူများကို အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တရုတ်ဘာသာစကားလေ့လာခြင်းက တရုတ်ကုမ္ပဏီများတွင် စကားပြန် စသဖြင့် အလုပ်အကိုင်များ ရရှိရန် အထောက်အကူဖြစ်စေသလို တရုတ်နိုင်ငံတွင် ပညာသင်ကြားပြီးနောက် တရုတ်စာသင်ဆရာ/ဆရာမများလည်း ဖြစ်လာနိုင်ကြောင်း ၎င်း၏အမြင်ကို ပြောခဲ့သည်။တရုတ်ဘာသာစကားသင်တန်းစီမံကိန်း၏ မန်နေဂျာ ဦးကျော်ကျော်စိုး၏ ပြောကြားချက်အရ ယခု သုံးလကြာမြင့်မည့် သင်တန်းများတွင် စာရင်းသွင်းထားသော ကျောင်းသား/‌ကျောင်းသူ ၇၀ နီးပါးရှိကြောင်း သိရသည်။ (Xinhua)

#ChineseLanguage #Myanmar #Culture #ChineseLanguageTrainingProject #တရုတ်ဘာသာစကား #မြန်မာ #ယဉ်ကျေးမှု #တရုတ်ဘာသာစကားသင်တန်းစီမံကိန်း
……………………………………..
(English Version)
Feature: Chinese language courses inspire locals in Myanmar
YANGON, May 11 (Xinhua) — Phone Sin Kyal, 18, said that mastering Chinese language has several benefits such as understanding Chinese culture well and making friends with native Chinese speakers.
“Since Chinese is one of the most widely used languages globally, learning it has no harm,” he said.
In the commercial city of Yangon, Myanmar on Friday, China’s CITIC, in cooperation with the China Cultural Center in Yangon and other organizations, launched a Chinese language training project for local people.
Several Chinese language courses of the project will be conducted at the China Cultural Center in Yangon, according to CITIC Myanmar.
Those language courses aim to improve the vocational skills of local people, enhancing their competency for future employment opportunities, especially at Chinese companies in Myanmar, CITIC Myanmar said.
“I’ve been studying Chinese for six months and enrolled in an intermediate class here,” Phone Sin Kyal said, adding that he hopes to go to China to learn more about the culture and lifestyle.
“I enjoy Chinese festivals like the Spring Festival,” said the Chinese learner, whose grandparents are Chinese.
Zun Pwint Phyu, 26, is another student enrolled in a course of the project. She said that she started learning Chinese 10 months ago and found herself drawn to Chinese culture now.
“At home, I enjoy watching Chinese movies. I developed an interest in Chinese after graduating from university,” she admitted.
Quitting her job to be a full-time Chinese learner, she is still unsure whether to pursue a career as an engineer using Chinese or become a Chinese teacher after getting a master’s degree in China.
Khin Thandar Kyaw, a 22-year-old student, told Xinhua, “I joined the class here because I’m keen on learning both the Chinese language and culture.”
“I’ve been learning Chinese for about six months now and hope to become a Chinese language teacher once I master it,” she said.
Her interest in Chinese culture grew after reading books from siblings who studied in China, and hopes to study there in the future.
Offering free Chinese language courses is highly beneficial, especially for local people with limited financial resources, she added.
Ei Swe Zin, a 29-year-old Chinese teacher, also said that offering free Chinese language courses could help people find future employment opportunities.
She explained that learning Chinese in Myanmar could help get the jobs such as interpreters for Chinese companies, or even become Chinese teachers after studying in China.
U Kyaw Kyaw Soe, manager of the training project, said that nearly 70 students were enrolling in the three-month courses.
Photo 1: Local students attend the launching ceremony of a Chinese Language training project in Yangon, Myanmar, May 10, 2024. (Photo by Myo Kyaw Soe/Xinhua)
Photo 2: Ma Chuanfu, deputy general manager of CITIC Myanmar, speaks during the launching ceremony of a Chinese language training project in Yangon, Myanmar, May 10, 2024. (Photo by Myo Kyaw Soe/Xinhua)
Photo 3: Locals visit a bookshop where books in Chinese are available in Yangon, Myanmar, April 18, 2024. (Photo by Myo Kyaw Soe/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.