Connect with us

Asia

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကြော်ငြာဆိုင်းဘုတ်ပြုတ်ကျသဖြင့် သေဆုံးသူ ၁၆ ဦးအထိရှိလာ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေပြည့်လျှံနေသောလမ်းမပေါ် ဖြတ်သန်းသွားလာသူများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သံဖြင့်ပြုလုပ်ထားသော ဧရာမကြော်ငြာဆိုင်းဘုတ် ပြုတ်ကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါ ဆိုင်းဘုတ်ကြီးသည် မွမ်ဘိုင်းမြို့ Ghatkopar နေရာတွင် မေ ၁၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ ပေ ၁၀၀ အမြင့်ရှိသော ထိုကြော်ငြာဆိုင်းဘုတ်အောက်တွင် လူများစွာနှင့် မော်တော်ယာဉ်များ ပိတ်မိနေကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Death toll from India’s Mumbai billboard collapse rises to 16
NEW DELHI, May 15 (Xinhua) — The death toll from a huge iron billboard collapse in India’s financial center Mumbai has risen to 16 with the discovery of two additional bodies, local media reports quoting civic body officials said Wednesday. The huge billboard collapsed on Monday evening amid gusty winds and rains in Ghatkopar area of the city. Many people were trapped under the 100-foot tall billboard, trapping vehicles and people.
Photo: People wade through a waterlogged road after heavy rainfall in Mumbai, India, July 5, 2022. (Str/Xinhua)