Europe
ဘရာဇီးနိုင်ငံ၌ ရေကြီးမှုကြောင့် သေဆုံးသူများပြားနေသည့်အတွက် ထိပ်တန်းဘောလုံး လိဂ်ပြိုင်ပွဲများကို ရပ်နားထား
ရီယိုဒီဂျနေရိုး၊ မေ ၁၇ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ၌ ပြင်းထန်သည့် ရေကြီးမှုကြောင့် ဘရာဇီးဘောလုံးအဖွဲ့ချုပ် (စီဘီအက်ဖ်) သည် နိုင်ငံ၏ ထိပ်တန်း လိဂ်ပြိုင်ပွဲများကို ရွှေ့ဆိုင်းထားကြောင်း သိရသည်။
ထိပ်တန်းကလပ်အသင်း ၂၀ အနက်မှ ၁၅ သင်းသည် ဘောလုံးရာသီ ခေတ္တရပ်နားရန် တောင်းဆိုမှုကို လက်ခံခဲ့ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က မေ ၁၅ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အားကစားနှင့် လူမှုအဖွဲ့အစည်း အတူယှဉ်တွဲနေသည်ကို မေ့လျော့၍ မရနိုင်သကဲ့သို့ ယခုလိုခက်ခဲသည့်ကာလတွင် ဘရာဇီးပြည်သူများနှင့် ခပ်ခွာခွာနေရန် မဖြစ်နိုင်ကြောင်း ကြေညာချက်တွင် ပါဝင်သည်။
ယခုကဲ့သို့ ဆိုင်းငံ့ထားမှုမှာ အခြားသောပြိုင်ပွဲများနှင့် သက်ဆိုင်ခြင်းမရှိဘဲ မေ ၂၈ ရက်မှ ယင်းအခြေအနေကို ရုပ်သိမ်းမည်ဟုသိရသည်။
မေ ၁၅ ရက် နံနက်ပိုင်းအထိ ဘရားဇီးနိုင်ငံတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၄၉ ဦး ရှိပြီး ၁၀၈ ဦးမှာ ပျောက်ဆုံးနေကာ ၆၀၀,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းခဲ့ရသည်။ (Xinhua)
………………………………………
(English Version)
Brazil halts top football league as flooding death toll rises
RIO DE JANEIRO, May 16 (Xinhua) — The Brazilian Football Confederation (CBF) has postponed the next two rounds of the country’s top league due to severe floods.
In a statement issued late on Wednesday, the CBF said it accepted a request from 15 of the top flight’s 20 clubs to pause the season.
“We cannot forget that sport and society walk hand in hand, and cannot separate in such a difficult moment for the Brazilian people,” the statement read.
The suspension does not apply to other competitions and will be lifted on May 28, conditions permitting, it added.
The announcement came as relief efforts continued in the southern state of Rio Grande do Sul, much of which remains under water.
Earlier on Wednesday, the authorities said the death toll had risen to 149 while 108 people were missing and more than 600,000 displaced.
The floods, which have been described as Brazil’s worst in 80 years, were caused by heavy rain that started on April 29, leading to widespread landslides and the collapse of a hydroelectric dam.
Rio Grande do Sul is home to three first division clubs: Gremio, Internacional and Juventude.
The CBF had already agreed to call off matches in the state, which borders Uruguay and Argentina, for at least 20 days. ■
Rescuers evacuate people affected by flood in Canoas, Rio Grande do Sul, Brazil, May 8, 2024. (Photo by Claudia Martini/Xinhua)