Connect with us

Asia

မြန်မာနိုင်ငံက ၁၈ ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု ဆွတ်ခူး

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် မေ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပသော အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းကို ဆုတံဆိပ်များနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် မေ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိသော အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု ဆွတ်ခူးရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ မေ ၁၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မေ ၁၈ ရက်က ကျင်းပသော Women’s Athletic Physique ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သဲဝါက ရွှေတံဆိပ်ဆု၊ ကာယဗလ (၆၅) ကီလိုတန်းပြိုင်ပွဲတွင် မုန်ဘန်‌အောင်က ငွေတံဆိပ်ဆု အသီးသီးဆွတ်ခူးရရှိခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမှ ကာယဗလ ၆၀ ကီလိုတန်းပြိုင်ပွဲတွင် ထွန်းမင်းနိုင်၊ ၇၀ ကီလိုတန်းပြိုင်ပွဲတွင် နိုင်မင်းသိမ်း၊ ၇၅ ကီလိုတန်းပြိုင်ပွဲတွင် အောင်မင်းဦးတို့က စတုတ္ထဆုနှင့် ၇၅ အထက် ကီလိုတန်းပြိုင်ပွဲတွင် မျိုးနိုင်ထွန်းက ဆဋ္ဌမဆု အသီးသီးရရှိခဲ့ကြောင်း သိရသည်။

မေ ၁၉ ရက်တွင် ကျင်းပသည့် ပြိုင်ပွဲတွင်မူ Men’s Athletic. Physique. up to 175 cm + 6kg ပြိုင်ပွဲ၌ ကိုကိုကျော်ဖြိုးက ရွှေတံဆိပ်၊ Men’s Sports Physique up to 170 cm -2 kg ပြိုင်ပွဲတွင် သန်းထိုက်ဦးက ‌ရွှေတံဆိပ်၊ Women’s Model Physique up to 160 cm ပြိုင်ပွဲ၌ ခင်နီလာစိုးနှင့် Women’s Model Physique over 165 cm ပြိုင်ပွဲ၌ ဇူးဇူးသန့်တို့က‌ ငွေတစ်ခုစီ အသီးသီးဆွတ်ခူးရရှိကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Myanmar secures medals at SEA Bodybuilding & Physique Sports Championship
YANGON, May 20 (Xinhua) — Myanmar secured three gold and three silver medals at the 18th Southeast Asian Bodybuilding & Physique Sports Championship 2024, held in Vientiane, Laos from May 16 to 20, according to state-owned media Myanma Alinn Daily on Monday.
On May 18, in the Women’s Athletic Physique event, Thei Wah won a gold medal and Mhon Ban Aung earned a silver medal in the 65kg category physique and bodybuilding event.
Additionally, Myanmar athletes placed fourth in the 60kg, 70kg, and 75kg categories, and sixth in another 75kg match.
In the Men’s Sports Physique events on May 19, Ko Ko Kyaw Phyo secured a gold medal in the up to 175cm-6kg category, and Than Htike won gold in the up to 170cm-2kg category.
On the same day, in the Women’s Model Physique events, Khin Nilar Soe achieved a silver medal in the up to 160cm category, and Zue Zue Thant secured a silver in the over 165cm category.