Connect with us

Asia

အီရန်နိုင်ငံက ဇွန် ၂၈ ရက်တွင် သမ္မတရွေးကောက်ပွဲ ကျင်းပမည်

အီရန်နိုင်ငံ တီဟီရန်မြို့ Varzaqan ခရိုင်အနီး ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့သူများအတွက် ပူဆွေးဝမ်းနည်းနေသူများကို ၂၀၂၄ ခုနှစ် မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၂၁ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ၏ ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို ဇွန် ၂၈ ရက်တွင် ကျင်းပမည်ဟု အီရန်အစိုးရက မေ ၂၀ ရက်၌ ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က သတင်းဖော်ပြခဲ့သည်။ အီရန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိပါက ပထမဆုံး ဒုတိယသမ္မတက တာဝန်ယူဆောင်ရွက်ရမည်ဟု ဖော်ပြထားပြီး ယာယီသမ္မတအနေဖြင့် သမ္မတသစ်ရွေးကောက်ပွဲကို အလွန်ဆုံး ရက်ပေါင်း ၅၀ အတွင်း စီစဉ်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Iran to hold presidential election on June 28
TEHRAN, May 20 (Xinhua) — Iran’s government decided on Monday that the country’s 14th presidential election would be held on June 28, the official news agency IRNA reported. According to Article 131 of Iran’s Constitution, the first vice president will take the helm of the executive branch if the president is unable to perform duties. Also, the interim president is duty-bound to make arrangements for the election of a new president within a maximum of 50 days.
Photo: People mourn victims of the helicopter crash near Varzaqan County, in Tehran, Iran, on May 20, 2024. (Xinhua/Shadati)