Connect with us

Africa & Middle East

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လျှပ်တစ်ပြက် ရေကြီးမှုများကြောင့် အာဖရိကအရှေ့ပိုင်းရှိ ပြည်သူ ၁ ဒသမ ၆ သန်းကျော် ရေဘေးဒုက္ခကြုံတွေ့

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ Mathare ရပ်ကွက်များတွင် မြစ်ရေလျှံနေသည်ကို ၂၀၂၄ ခုနှစ်ဧပြီ ၃၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ မေ ၂၃ ရက် (ဆင်ဟွာ)

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လျှပ်တစ်ပြက် ရေကြီးခြင်းများကြောင့် အာဖရိကအရှေ့ပိုင်းရှိ ပြည်သူ ၁ ဒသမ ၆ သန်းကျော် ရေဘေးဒုက္ခ ကြုံတွေ့လျက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက မေ ၂၂ ရက်က ပြောကြားလိုက်သည်။

ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မေ ၁၇ ရက်အထိ ဘူရွန်ဒီ၊ အီသီယိုးပီးယား၊ ကင်ညာ၊ ဆိုမာလီယာ၊ ယူဂန္ဓာနှင့် တန်ဇန်းနီးယားနိုင်ငံတို့မှ လူပေါင်း ၁၇,၄၇၃ ဦးသေဆုံးခဲ့ပြီး ၄၁၀,၃၅၀ နီးပါး ပြောင်းရွှေ့ခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ဒေသတွင်း လူသားချင်းစာနာ ကူညီမှုအေဂျင်စီများက အစိုးရ၏ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ၊ အရေးပေါ် ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ထောက်ပံ့ကူညီခဲ့ကြောင်း OCHA က ပြောကြားခဲ့သည်။
ရန်ပုံငွေ ထောက်ပံ့မှုများက မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးမှု ဖြစ်ပွားခြင်းများကို တုံ့ပြန်ကူညီရာတွင် မြန်ဆန်ထိရောက်စေကြောင်း OCHA က ပြောကြားသည်။ (Xinhua)

………………………………………
(English Version)
UN says heavy rains, flash floods affect 1.6 mln in eastern Africa
NAIROBI, May 22 (Xinhua) — Heavy rains and flash floods have affected an estimated 1.6 million people in eastern Africa, the United Nations relief agency said on Wednesday.
The UN Office for the Coordination of Humanitarian Affairs (OCHA) said that as of May 17, 473 people in Burundi, Ethiopia, Kenya, Somalia, Uganda, and Tanzania have lost their lives, and nearly 410,350 people have been displaced.
Humanitarian agencies across the region continue to support governments in search and rescue operations, conducting needs assessments, pre-positioning available stocks, and providing urgent assistance, OCHA said.
“Additional funding to scale up response as heavy rains and floods spread is needed,” it said in a Floods Update released in Nairobi, the capital of Kenya. ■
People are seen near a flooded river in the Mathare slums in Nairobi, Kenya, on April 30, 2024.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.