Connect with us

Europe

ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ဘက်ပိုင်း၌ သတ္တုတွင်းပြိုကျမှုကြောင့် လေးဦးသေဆုံး

ကရာကက်စ်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ပိုင်း ဘိုလီဗာပြည်နယ်၌ သတ္တုတွင်း ပြိုကျမှုကြောင့် လေးဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင် များက မေ ၂၂ ရက်တွင်ပြောသည်။

ပွာဂါတိုရီယို သတ္တုတွင်းခရိုင်တွင် သတ္တုတွင်းတစ်တွင်း ပြိုကျမှုဖြစ်ခဲ့ကြောင်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုက အစီရင်ခံစာတင်ပြထားသည်။

တရားမဝင် သတ္တုတွင်းပြိုကျမှုကြောင့် လေးဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ကာကွယ်ရေးဌာန ဒုတိယဝန်ကြီး ကာလို့စ်ပီရက်ဇ်အမ်ပြူဒါက ပြောသည်။ ဗင်နီဇွဲလားနိုင်ငံအရှေ့ တောင်ပိုင်းတွင် သတ္တုတွင်းပြိုကျမှုကြောင့် ဒုတိယအကြိမ်မြောက် လူသေဆုံးမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းကလည်း ဘိုလီဗာပြည်နယ်တွင် ဘူလာကိုကာ သတ္တုတွင်းပြိုကျမှုကြောင့် ၁၆ ဦး သေဆုံးခဲ့ရသည်။ (Xinhua)

……………………………
(English Version)
4 people killed in southeast Venezuela mine collapse
CARACAS, May 22 (Xinhua) — At least four people were killed after a mine collapsed in southeast Venezuela’s Bolivar state, authorities said on Wednesday.
“The National Risk Management System reports that the collapse of a mine was registered in the Purgatorio mining district,” in the municipality of Sifontes, the deputy minister of Risk Management and Civil Protection, Carlos Perez Ampueda, said on social media platform X.
All four victims were found dead and “walled up” due to the collapse of the illegal mine, according to Perez Ampueda.
The bodies were being transferred by river to San Martin de Turumban and then to Tumeremo, he said.
This is the second deadly cave in at an illegal mine in southern Venezuela. In February, 16 people died after the Bulla Loca mine in the Bolivar state caved in.
Since last year, Venezuelan military and security forces have stepped up measures to eradicate illegal mining in the southern states of Amazonas and Bolivar. ■