Australia / Oceania
ပါပူအာနယူးဂီနီနိုင်ငံတွင် မြေပြိုကျမှုကြောင့် လူပေါင်း ၃၀၀ ကျော် မြေအောက်မြုပ်သွား

ဆစ်ဒနီ၊ မေ ၂၅ ရက် (ဆင်ဟွာ)
ပါပူအာနယူးဂီနီနိုင်ငံ မြောက်ပိုင်းတွင် ကြီးမားသောမြေပြိုမှုကြောင့် လူပေါင်း ၃၀၀ ကျော် မြေအောက်နစ်မြုပ်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ မြို့တော် ပို့မော့စ်ဘီမှ အနောက်မြောက်ဘက် ကီလိုမီတာ ၆၀၀ ကျော်အကွာရှိ အန်ဂါပြည်နယ် Kaokalam ကျေးရွာ၌ ဒေသစံတော်ချိန် နံနက် ၃:၀၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ABC သတင်းအရ သိရသည်။ (Xinhua)

ပါပူအာနယူးဂီနီနိုင်ငံ အန်ဂါပြည်နယ်တွင် မြေပြိုကျမှုဖြစ်ပွားနေရာအနီး မြင်ကွင်းကို ၂၀၂၄ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………..
(English Version)
More than 300 people buried in Papua New Guinea landslide
SYDNEY, May 25 (Xinhua) — More than 300 people were buried by a massive landslide in northern Papua New Guinea (PNG), local media reported on Saturday. At about 3:00 a.m. local time on Friday, a landslide struck Kaokalam village in Enga province, located over 600 km northwest of PNG’s capital Port Moresby.
Photo 1, 2: This photo taken with a mobile photo shows a scene near a landslide in Enga province, Papua New Guinea, May 24, 2024. (Xinhua)