Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် ရာသီဥတုဆိုးဝါးပြီး သစ်ပင်ကိုင်းများကျိုးကျမှုကြောင့် လူ ၆ ဦး သေဆုံး

သီရိလင်္ကာနိုင်ငံ Watthala မြို့ရှိ ရေလျှံနေသောလမ်းမပေါ်တွင် မော်တော်ကားတွန်းနေသူများကို ၂၀၂၄ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မေ ၂၅ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံတွင် ရာသီဥတုဆိုးဝါးပြီး သစ်ကိုင်းများကျိုးကျမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း၊ လူနေအိမ် ၁,၂၄၆ လုံး ပျက်စီးခဲ့ပြီး လူပေါင်း ၃၄,၈၈၀ ဦး ရာသီဥတုဆိုးဝါးမှုဒဏ်ခံစားခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုစင်တာ ညွှန်ကြားရေးမှူး Pradeep Kodippili က မီဒီယာကို ပြောကြားခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းအတွင်း ဖြစ်ပေါ်လျက်ရှိကာ မေ ၂၅ ရက် ည ၁၁:၃၀ နာရီ၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ဖွယ်ရှိကြောင်း သီရိလင်္ကာ မိုးလေဝသဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
6 killed by falling tree branches during inclement weather in Sri Lanka
COLOMBO, May 25 (Xinhua) — Six people have died due to falling tree branches triggered by adverse weather conditions in Sri Lanka, an official said on Friday. Director of the Disaster Management Center Pradeep Kodippili told the media that 1,246 houses had been damaged and 34,880 people were affected by the adverse weather conditions.
Sri Lankan Department of Meteorology said a cyclonic storm is developing over the east-central Bay of Bengal and will likely intensify into a severe cyclonic storm by 11:30 p.m. on Saturday.
Photo 1: People push a vehicle on a flooded road in Watthala, Sri Lanka, on May 24, 2024. (Photo by Gayan Sameera/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.