Connect with us

Asia

၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ်၏ ခရီးသွားလုပ်ငန်းက ဂျီဒီပီအတွက် ၁၄ ရာခိုင်နှုန်း အထောက်အကူပြုမည်

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Lang Son ပြည်နယ်ရှိ Huu Nghi နိုင်ငံတကာနယ်စပ်ဂိတ်တွင် တရုတ်ခရီးသွား ဧည့်သ်ညများအား လက်ဝှေ့ယမ်းပြနေသော ဗီယက်နမ်ဝန်ထမ်းတစ်ဦးကို ၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်၏ ခရီးသွားလုပ်ငန်းသည် လာမည့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့ဂျီဒီပီအတွက် ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ အထောက်အကူပြုမည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇွန်လ ၁၄ ရက်တွင် ဖော်ပြသည်။
အစိုးရသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ၂၀၂၁-၂၀၃၀ ပြည့်နှစ်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်းတစ်ရပ်ကို အတည်ပြုခဲ့ပြီး ယင်းစီမံကိန်းအရ လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် နိုင်ငံအတွင်းသို့ အခြားပြည်ပနိုင်ငံများမှ ခရီးသည်အရေအတွက် ၃၅ သန်းအထိ လာရောက်လည်ပတ်မည်ဟု မျှော်မှန်းထားသည်။ ထို့ပြင် ယင်းကာလအတွင်း ပြည်တွင်းခရီးသွားလာသည့် ဗီယက်နမ် နိုင်ငံသား ခရီးသွားဦးရေမှာ သန်း ၁၆၀ အထိမြင့်တက်လာမည်ဟု အစိုးရကမျှော်မှန်းထားကြောင်းသိရသည်။

အလားတူပင် လာမည့် ၂၀၄၅ ခုနှစ်ခန့်တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် ပြည်ပခရီးသွားဦးရေမှာ သန်း ၇၀ အထိမြင့်တက်လာနိုင်သောကြောင့် ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွက် အခွန်အဖြစ် ဒေါ်လာ ၂၈ ဒသမ ၆၈ ဘီလီယံခန့် ရှာဖွေပေးနိုင်မည်ဖြစ်သည်။ ယင်းပမာဏသည် နိုင်ငံ့ဂျီဒီပီ၏ ၁၇ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိရှိကြောင်းသိရသည်။
ဗီယက်နမ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ပြည်ပခရီးသွားဦးရေမှာ ယခု ၂၀၂၄ ခုနှစ် ပထမငါးလ အတွင်းမှပင် ၇ ဒသမ ၆ သန်းရှိကြောင်းသိရသည်။ (Xinhua)

……………………..
(English Version)
Vietnam’s tourism to contribute 14 pct of GDP by 2030
HANOI, June 14 (Xinhua) — Vietnam’s tourism is expected to directly contribute 8-9 percent and 13-14 percent of gross domestic product (GDP) by 2025 and 2030, respectively, according to the country’s recently approved master plan on the tourism system for the 2021-2030 period, with a vision to 2045.
The plan has set a target of 25-28 million international arrivals and 130 million domestic travelers for 2025, Vietnam News Agency reported Friday.
By 2030, the number of international tourists to Vietnam is expected to reach 35 million and post an annual increase of 13-15 percent while domestic travelers hit 160 million.
By 2045, Vietnam will see 70 million international arrivals and about 7.3 quadrillion Vietnamese dong (28.68 billion U.S. dollars) in tourism revenue. The sector is expected to contribute 17-18 percent of GDP.
According to the master plan, Vietnam is making efforts to revive traditional markets and attract emerging ones like India and Middle Eastern countries by 2025.
Vietnam welcomed nearly 7.6 million international visitors and 52.5 million domestic travelers in the first five months of 2024, said the country’s General Statistics Office. ■
Chinese tourists waved to the Vietnamese staff at the Huu Nghi International Border Gate in northern Vietnam’s Lang Son province, on March 15, 2023. (Xinhua/Hu Jiali)