Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ဇန်နဝါရီလမှ ဇွန် ၁ ရက်အထိ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၉၇ ဦးရှိလာ

ဖိလစ်ပိုင်နိုင်ငံ Laguna ပြည်နယ်ရှိ Dr. Jose P. Rizal Memorial Province District ဆေးရုံ၊ သွေးလွန်တုပ်ကွေး‌ရောဂါကုသဆောင်အတွင်း မိန်းကလေးလူနာတစ်ဦးကို ၂၀၁၉ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ဇန်နဝါရီလမှ ဇွန် ၁ ရက်အထိ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၉၇ ဦးရှိကြောင်း ဖိလစ်ပိုင် ကျန်းမာရေး ဌာနက ဇွန် ၁၅ ရက်တွင် ပြောကြားသည်။
ဇန်နဝါရီ ၁ ရက်မှ ဇွန် ၁ ရက်အထိ ခြင်ကြောင့် ရောဂါကူးစက်ခံရသူ ၇၀,၅၀၀ နီးပါးကို မှတ်တမ်းတင်ထားကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူအရေအတွက် မြင့်တက် လာမည်ကို စိုးရိမ်ကြောင်းနှင့် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ကျန်းမာရေးဌာနက ပြောကြားသည်။

ခြင်များပေါက်ဖွားနိုင်သည့် နေရာများကို ရှင်းလင်းခြင်းမပြုလုပ်ပါ က နိုင်ငံတစ်ဝန်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးပြောကြားသည်။ လူဇွန်ကျွန်းမြောက်ပိုင်းနှင့် ဖိလစ်ပိုင်တောင်ပိုင်းရှိ ဒေသခုနစ်ခုတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် မကြာသေးမီ ရက်သတ္တသုံးပတ်မှ လေးပတ်အတွင်း မြင့်တက်လာကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ မိုးရာသီစတင်ပြီဖြစ်သည့်အတွက် ခြင်အန္တရာယ် ကို အထူးသတိပြုရန်လိုအပ်ကြောင်း ကျန်းမာရေးဌာနက ပြည်သူများအား တိုက်တွန်းပြောကြားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ဖိလစ်ပိုင်နိုင်ငံ၌ ဖြစ်ပွားလေ့ရှိသည့် ရောဂါဖြစ်သည်။ သွေးလွန်တုပ်ကွေးအပါအဝင် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများသည် များသောအားဖြင့် မိုးရာသီအစတွင် ရာသီဥတုအကူးအပြောင်း၊ ရေကြီးခြင်းနှင့် ညစ်ညမ်းသောရေများ စုဝေးလျက်ရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………
(English Version)
Philippines tallies 197 dengue deaths since January

MANILA, June 15 (Xinhua) — The Philippines has tallied 197 deaths due to dengue from January to June 1 this year, the Department of Health (DOH) said Saturday.
The DOH said it recorded nearly 70,500 cases of mosquito-borne disease from January 1 to June 1.
The health department said it has closely monitored the number of new dengue cases per week as the previously declining trend “is now starting to plateau.”
“This could be the start of a rise in cases nationwide, if we will not search and destroy ‘mosquito water’, stagnant water in any areas or containers that may breed dengue mosquitos,” the DOH warned.
The DOH noted that seven regions in northern part of the main Luzon island and southern Philippines showed dengue case increases in recent three to four weeks.
On May 29, the weather bureau declared start of rainy season in the Philippines.
“More water means more mosquito breeding grounds,” Health Secretary Teodoro Herbosa said, urging people to “search and destroy stagnant water.”
Dengue is endemic in the Philippines. Water-borne infectious diseases, including dengue, usually peak at the start of rainy season due to fluctuating weather conditions, flooding and accumulation of contaminated water. ■
A dengue-stricken girl rests inside a dengue ward of the Dr. Jose P. Rizal Memorial Province District Hospital in Laguna Province, the Philippines, Aug. 15, 2019. (Xinhua/Rouelle Umali)