Connect with us

Asia

မွန်ဂိုလီးယား၌ ယခုနှစ်အတွင်း ရာသီဥတု ကြမ်းတမ်းမှုကြောင့် မွေးမြူရေးတိရစ္ဆာန် ရှစ်သန်းနီးပါးသေဆုံး

မွန်ဂိုလီယားနိုင်ငံ အရှေ့ပိုင်း Sukhbaatar ပြည်နယ်တွင် နှင်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ခံနေရသော မွေးမြူရေးတိရစ္ဆာန်များကို ၂၀၂၃ ခုနှစ် မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အူလန်ဘာတာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ၌ ယခုနှစ်အတွင်း ရာသီဥတုကြမ်းတမ်းမှုကြောင့် ငါးလတာကာလအတွင်း မွေးမြူရေးတိရစ္ဆာန် အကောင်ရေ ရှစ်သန်းနီးပါးသေဆုံးကြောင်း သိရသည်။
ထိုပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက မွေးမြူရေး တိရစ္ဆာန်သေဆုံးမှုနှုန်း ၂ ဒသမ ၂ ဆ မြင့်တက်လာခြင်းဖြစ်သည်။
ချမ်းအေးလွန်းသော ဆောင်းရာသီနှင့်အတူ နှင်းများထူထပ်စွာကျဆင်းခြင်း၊ ဖုန်မုန်တိုင်းများပြင်းထန်စွာတိုက်ခတ်ခြင်းတို့က မွေးမြူရေးတိရစ္ဆာန်များ သေဆုံးရသည့် အဓိကအကြောင်းရင်းဖြစ်သည်။
အများအားဖြင့် မွေးမြူရေးတိရစ္ဆာန်များသည် ရေခဲနေသော သို့မဟုတ် နှင်းဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် နေထိုင်ရခြင်းကြောင့် ယခုကဲ့သို့သေဆုံးရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဆောင်းရာသီအတွင်း မွန်ဂိုလီးလားယားနိုင်ငံသည် ၁၉၇၅ ခုနှစ် နောက်ပိုင်း စံချိန်တင်နှင်းကျဆင်းမှုနှင့် ရင်ဆိုင်ရပြီး နယ်မြေ ၉၀ ရာခိုင်နှုန်းခန့်မှာ အထူ ၁၀၀ စင်တီမီတာရှိသည့် နှင်းများဖြင့်ဖုံးလွှမ်းခဲ့ကြောင်းသိရသည်။ (Xinhua)

………………………………..
(English Version)
Nearly 8 mln livestock die in Mongolia in first 5 months due to harsh weather
ULAN BATOR, June 17 (Xinhua) — Harsh weather conditions caused the death of at least 7,949,400 livestock across Mongolia in the first five months of this year, according to data released by the country’s National Statistics Office on Monday.
The livestock mortality rate increased by 2.2 times compared to the same period last year, said the statistical agency.
Extreme wintry weather, known as dzud, along with heavy snow and dust storms, are the main causes of the animal deaths, it said.
“Dzud” is a Mongolian term to describe a severely cold winter when a large number of livestock die because the ground is frozen or covered in snow.
Last winter, Mongolia experienced record snowfall, the largest since 1975, with around 90 percent of its territory covered in snow up to 100 centimeters thick.
This photo taken on May 20, 2023 shows livestock enduring snow storms in the eastern province of Sukhbaatar, Mongolia. (Baruun-Urt Broadcasting System/Handout via Xinhua)