Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံကယ်ဆယ်ရေးလုပ်ငန်း အရှိန်မြှင့်ဆောင်ရွက်နေ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မိန်ကျိုးမြို့၊ ဖိန်ယွမ်ခရိုင်၊ စိရွှေမြို့နယ်ရှိ ရေကြီးရေလျှံဖြစ်ပွားသောနေရာတွင် ကယ်ဆယ်ရေးသမားများ လုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဒေသများစွာတွင် ဇွန် ၉ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျှော့ချနိုင်ရန် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြစ် ၄၈ စင်းတွင် ရေကြီးရေလျှံမှု သတိပေးချက်အဆင့်အထက် ကျော်လွန်သွားခဲ့ကြောင်း ယင်းဒေသ အရေးပေါ်စီမံခန့်ခွဲမှုဌာနက ဇွန် ၂၀ ရက်က ပြောခဲ့သည်။ ကွမ်ရှီးဒေသအတွင်း မြို့ ၁၁ မြို့ရှိ ခရိုင် ၆၄ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း၊ ယင်းဒေသကို ရေကြီးရေလျှံမှုဆိုင်ရာ အဆင့်လေးဆင့်ရှိသော အရေးပေါ်အခြေ‌အနေတုံ့ပြန်ရေးစနစ်၏ ဒုတိယအမြင့်ဆုံးဖြစ်သည့် အရေးပေါ်အခြေအနေ အဆင့်နှစ်အဖြစ် ဇွန် ၁၉ ရက်မှ စတင်သတ်မှတ်ထားကြောင်း သိရသည်။

ကွမ်ရှီးဒေသ ကွေ့လင်မြို့၏ နာမည်ကျော်ခရီးသွားနေရာရှိ အထင်ကရရှုခင်းသာဖြစ်သော လျောင်နင်မြစ်၌ ဇွန် ၁၉ ရက်နှင့် ၂၀ ရက်အတွင်း မြစ်ရေကြီးမှုအခြေအနေမှာ ၁၉၉၈ ခုနှစ်မှစ၍ အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
China revs up flood rescue efforts as rains continue
NANNING, June 20 (Xinhua) — Heavy rainfall has pelted many areas in southern China since June 9, prompting local authorities to beef up flood control and rescue measures to reduce disaster damage.
The emergency management department of Guangxi Zhuang Autonomous Region in south China said on Thursday 48 rivers in Guangxi were running above flood alert levels. The region started on Wednesday to implement a Level-II emergency response, which is next to the highest in the four-tier emergency response system, to floods, with flooding having hit 64 counties in 11 cities in Guangxi.
The region’s Lijiang River, a signature scenery in the popular tourist destination of Guilin City, saw its worst flooding since 1998 between last Thursday and Wednesday.
Photo 1: Rescuers work in a flood-affected area in Sishui Township of Pingyuan County, Meizhou City, south China’s Guangdong Province, June 20, 2024. (Xinhua/Lu Hanxin)