Connect with us

Asia

အိန္ဒိယနိုင်ငံ၌ အရက်ပုန်းသောက်သုံးမှုကြောင့် လူ ၃၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့တွင် တရားမဝင်အရက်ရောင်းချသောနေရာမှ ဖမ်းဆီးထားသော အရက်များကို သွန်ချနေသည့် တာဝန်ရှိသူများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူပြည်နယ် အရက်ပုန်းချက်လုပ်ရောင်းချသည့် မသန့်ရှင်းသောအရက်များ သောက်သုံးမှုကြောင့် လူ ၃၇ ဦးထက်မနည်းသေဆုံးပြီး ၁၀၀ ကျော် ဆေးရုံတက်ကုသမှု ခံယူနေရကြောင်း ပြည်တွင်းမီဒီယာများတွင် ဇွန် ၂၀ ရက်က ဖော်ပြသည်။
ချန်နိုင်းမြို့ အနောက်တောင်ဘက် ၂၄၄ ကီလိုမီတာအကွာရှိ ကူလကူရီချီမြို့တွင် အရက်ပုန်း ချက်လုပ်ထားသည့် ညစ်ညမ်းအရက်များ သောက်သုံးမှုကြောင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
တားမြစ်ထားသည့်အရက်များ သောက်သုံးခြင်းကြောင့် လူ ၃၇ ဦးသေဆုံးခဲ့သည်ဟု အာဏာပိုင်များက အတည်ပြုထားသည်။ ဆေးရုံတက်ကုသမှုခံယူနေကြသူများထဲတွင် အခြေအနေဆိုးရွားသူများ ပါဝင်နေသည့်အတွက် သေဆုံးသူဦးရေမှာ ထပ်တိုးလာနိုင်သေးသည်ဟု အာဏာပိုင်များက ပြောသည်။
ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေသည့် လူနာ ၁၀၀ ကျော်ရှိသည်ဟု နိုင်ငံပိုင်အေအိုင်အာရေဒီယိုတွင်ဖော်ပြခဲ့သည်။

တရားမဝင် အရက်ချက်ရောင်းချနေသူတစ်ဦးကိုဖမ်းဆီးထားပြီး အခြားနှစ်ဦးကိုလည်းထိန်းသိမ်းထားကြောင်း ရဲဌာနက ပြောသည်။
အရက်တုများကို ဇွန် ၁၈ ရက် ညပိုင်းက စတင်သောက်သုံးမိခြင်းဖြစ်ပြီး ဇွန် ၁၉ ရက်တွင် အရက်တုသောက်သုံးမိသူများမှာ အမြင်အာရုံဝေဝါးခြင်း၊ ဝမ်းဗိုက်ပိုင်း အပြင်းအထန်နာကျင်ခြင်း၊ အော့အန်ခြင်းတို့ စတင်ခံစားလာရသည်။
အရက်တုသောက်သုံးမိသူအများစုမှာ နေ့စားလုပ်သားများဖြစ်ပြီး အစိုးရလိုင်စင်ဖြင့် ရောင်းချသော ဈေးဆိုင်များတွင် အရက်ဝယ်ယူရန် မတတ်နိုင်သူများဖြစ်ကြသည်။
အရက်အတွင်း မီသနောပါဝင်မှုများပြားသည့်အတွက် သေဆုံးမှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ဒေသခံကျန်းမာရေး အာဏာပိုင်များက ပြောသည်။ တမီးလ်နာဒူ ပြည်နယ်ဝန်ကြီးချုပ် အမ်ကေစတာလင်က ယခုဝမ်းနည်းဖွယ် အဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှု သေချာစွာပြုလုပ်ရန်ညွှန်ကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
37 killed, 100 hospitalised in India after consuming tainted bootleg liquor
NEW DELHI, June 20 (Xinhua) — At least 37 people were killed and around 100 others hospitalised following the consumption of tainted bootleg liquor in the southern Indian state of Tamil Nadu, local media reported Thursday.
The deaths have been reported from Kallakurichi town, about 244 km southwest of Chennai, the capital city of Tamil Nadu.
“Officials have confirmed the deaths of 37 people altogether after they consumed illicit liquor,” a New Delhi-based television news channel NDTV said.
According to officials, the death toll is likely to go up owing to the critical condition of many people admitted in hospitals.
The state-run broadcaster All India Radio (AIR) said over 100 people are undergoing treatment at different hospitals.
Police have arrested one person and detained two others in connection with the sale of illicit liquor.
Officials said most of the victims consumed the spurious liquor on Tuesday night and it started to take effect by Wednesday after people complained of blurred vision, intense abdominal pain, nausea and vomiting.
Most of the victims are daily-wage workers, who can not afford liquor sold at government-licensed shops.
According to local health officials, the deaths occurred because of high methanol content in the liquor.
On Thursday, Tamil Nadu Chief Minister M K Stalin ordered a thorough inquiry into the tragedy.
Officials of the Bureau of Investigation Economic Offences (BIEO) pour away liquor which were seized by the sleuths of the department for illegal trading in Guwahati, India, on Sept. 14, 2021.(Str/Xinhua)