Connect with us

Europe

ချီလီနိုင်ငံ၌ ရထားနှစ်စင်းဝင်တိုက်၊ လူနှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိ

ဆန်တီယေဂို၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
ချီလီနိုင်ငံ၌ ဇွန် ၂ဝ ရက်က စမ်းသပ်မောင်းနှင်မှု ပြုလုပ်နေသော ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ခေါင်းချင်းဆိုင် ဝင်တိုက်မိရာ လူနှစ်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ရထားနှစ်စင်း ဝင်တိုက်မှုဖြစ်စဉ်၌ ပါဝင်ခဲ့သော ခရီးသည်တင်ရထားမှာ နိုင်ငံပိုင် အီးအက်ဖ်အီး ရထားကုမ္ပဏီက ပိုင်ဆိုင်သည့် ခရီးသည်တင်ရထားဖြစ်ပြီး ကုန်တင်ရထားမှာ ပုဂ္ဂလိကရထားကုမ္ပဏီ တစ်ခုမှဖြစ်ကာ ဖီပါဆာကုမ္ပဏီက ပိုင်ဆိုင်ကြောင်း ချီလီတာဝန်ရှိသူများက ပြောကြားထားသည်။
ရထားနှစ်စင်း ဝင်တိုက်မှုကြောင့် ဒဏ်ရာရရရှိသူ ကိုးဦးအနက် လေးဦးမှာ ခရီးသည်တင်ရထား စမ်းသပ်မောင်းနှင်မှုတွင်ပါဝင်နေသည့် ရထားဝန်ထမ်းများဖြစ်ကြသည်။
လက်ရှိအချိန်တွင် ချီလီတာဝန်ရှိသူများသည် ရထားနှစ်စင်းဝင်တိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
At least 2 killed, 9 injured in train collision in central Chile
SANTIAGO, June 20 (Xinhua) — At least two people were killed and nine others injured in a head-on collision between two trains in San Bernardo, just outside Santiago, the State Railway Company (EFE) reported Thursday.
Shortly after Wednesday midnight, a test train and a cargo train operated by the private rail company Fepasa collided on the main railway line in San Bernardo, according to EFE.
As a result of the collision, two workers on the cargo train were killed. “Likewise, the staff of the train being tested suffered injuries of varying degrees and are being treated in a healthcare center,” said EFE, adding that there were nine people injured with no life risk.
After the accident, Chilean Minister of Transportation and Telecommunications Juan Carlos Munoz told the local press that “we have to determine exactly what the causes are and take corresponding measures.” ■