Connect with us

Europe

တူကီယဲ အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုများအတွင်း သေဆုံးသူဦးရေ ၁၁ ဦးအထိမြင့်တက်

တူကီယဲနိုင်ငံ ဒီယာဘာကီယာပြည်နယ်တွင် တောမီးလောင်သောနေရာ၌ မီးသတ်ရဟတ်ယာဉ် တစ်စင်းကို ၂၀၂၄ ခုနှစ် ဇွန် ၂၁ ရက် တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုများအတွင်း သေဆုံးသူဦးရေမှာ ၁၁ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးက ဇွန် ၂၁ ရက်တွင်ပြောသည်။
တောမီးလောင်ကျွမ်းမှုများသည် ဒီယာဘာကီယာပြည်နယ် ဆီနာခရိုင်နှင့် မာဒင်ပြည်နယ် မာဇီဒါဂီခရိုင်တို့တွင် ဇွန်လ ၂၀ ရက် ညပိုင်းမှစတင်ဖြစ်ပွားခြင်းဖြစ်ပြီး တောမီးလောင်ကျွမ်းမှုများအတွင်း အခြား ၇၈ ဦးမှာ ထိခိုက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာက ၎င်း၏ လူမှုမီဒီယာပေါ်တွင် ဖော်ပြသည်။ အချို့မှာ လက်ရှိတွင် အထူးကြပ်မတ်ဆောင်များ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေစဉ် လေတိုက်ခတ်မှုပြင်းထန်ခြင်းကြောင့် တောမီးမှာအခြားဒေသများသို့ ကူးစက်ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုအခါ မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးဘေးသင့်ဒေသများအား စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
အပူချိန်မြင့်တက်မှုများကြောင့် ယခုရက်သတ္တပတ်အတွင်း နိုင်ငံအတွင်း၌ တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။ (Xinhua)


………………………
(English Version)
Death toll in forest fire in SE Türkiye rises to 11
ANKARA, June 21 (Xinhua) — The death toll from wildfires that ravaged southeastern Türkiye has climbed to 11, Health Minister Fahrettin Koca announced on his social media account on Friday.
The minister added that another 78 people were “affected” by the fires, with five patients still in intensive care.
The fire originated on Thursday night as a stubble fire in cultivated areas spanning the Cinar district of Diyarbakir province and the Mazidagi district of Mardin province, according to Interior Minister Ali Yerlikaya’s statement on Friday.
Fueled by strong winds, the fire rapidly engulfed a large area before being brought under control by firefighters, said Yerlikaya.
Local authorities have issued warnings about the heightened risk of wildfires due to scorching temperatures and arid weather conditions expected throughout the week.■

A firefighting helicopter is seen over the site of a forest fire in Diyarbakir province, Türkiye, June 21, 2024. (Mustafa Kaya/Handout via Xinhua)