Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ပြင်းထန်သော အပူလှိုင်းဖြတ်မှုကြောင့် ၂၅ ဦးသေဆုံးပြီး လူပေါင်းထောင်ချီ ဆေးရုံတင်ထားရ

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့ရှိ ဆေးရုံတစ်ရုံ၌ အပူလှိုင်းဒဏ်ကြောင့် ဆေးကုသမှု ခံယူနေသူ တစ်ဦးအား ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ္မာဘတ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် သုံးရက်အတွင်း ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိတွင် ပြင်းထန်သော အပူလှိုင်းဖြတ်မှုနှင့် ကြုံတွေ့ ခဲ့ရပြီး အပူလျှပ်မှုကြောင့် ၂၅ ဦးထက်မနည်း သေဆုံးကာ အခြားလူပေါင်း ထောင်ချီ ဆေးရုံတင်ထားရကြောင်း ကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် ဒေသတွင်းမီဒီယာများက ဇွန် ၂၅ ရက်တွင်ပြောသည်။

ပြင်းထန်သောအပူချိန်ကြောင့် လူနာအများစုမှာ ရေဓာတ်ခန်းခြောက်လာကြောင်းနှင့်ရှေးဦးသူနာပြုစု မှုခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း ဆရာဝန်များကပြောသည်။ သို့သော်လည်း နှလုံးရောဂါ၊ ကင်ဆာကဲ့သို့ ရောဂါအခံရှိသော အချို့လူနာများက ဆေးရုံ၌ နောက်ထပ်ဆေးဝါးကုသမှုများခံယူ လျက်ရှိကြောင်း ဆေးရုံသတင်းအရင်းအမြစ်များကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ပြောသည်။ လွန်ခဲ့သည့် သုံးရက်အတွင်း အမြင့်ဆုံးအပူချိန်မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ကို ကျော်လွန်ခဲ့ကြောင်း ပါကစ္စတန်မိုးလေဝသဦးစီးဌာနက ပြောသည်။ ဇွန် ၂၆ ရက် ညနေပိုင်းတွင် ကရာချိမြို့၌ ပင်လယ်လေ ပြန်လည် တိုက်ခတ်နိုင်ကြောင်းနှင့် အပူချိန်မှာ တဖြည်းဖြည်း လျော့ကျသွားဖွယ်ရှိကြောင်း မိုးလေဝသဦးစီးဌာနက ခန့်မှန်းထားသည်။ (Xinhua)


…………………………
(English Version)
25 killed, thousands in hospital due to intense heatwave in Pakistan’s Karachi
ISLAMABAD, June 26 (Xinhua) — At least 25 people were killed and thousands have been admitted to hospitals after suffering heatstroke during an intense heatwave in Pakistan’s southern port city of Karachi over the last three days, rescue teams and local media said on Tuesday.
Doctors said many patients became dehydrated due to the high temperatures and were discharged after receiving first aid.
However, some individuals with pre-existing conditions, such as heart ailments and cancer, are being kept in the hospital for further treatment, local media quoted hospital sources as saying.
According to Pakistan’s Meteorological Department, the maximum temperature crossed the 40 degrees Celsius mark over the last three days, mainly due to the suspension of sea breeze to the city.
The weather department forecasts that sea breezes will resume in Karachi on Wednesday evening, leading to a gradual drop in temperature. ■
A man affected by a heatwave is treated at a hospital in Karachi, southern Pakistan, on June 26, 2024. (Str/Xinhua)