Connect with us

Media

နီပေါနိုင်ငံ၌ မုတ်သုံမိုးကြောင့် ၂၇ ဦးသေဆုံး

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် လမ်းပေါ်သွားလာနေသူများအား ၂၀၂၃ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်ခန့်က ရွာသွန်းခဲ့သော မုတ်သုံမိုးကြောင့် လူ ၂၇ ဦး သေဆုံး ခဲ့ကြောင်း အာဏာပိုင်များက ဇွန် ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ဒေသလေးခုတွင် မြေပြိုကျမှုနှင့် ရေကြီးမှုများ ကြောင့် လူကိုးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။ တခြားပြည်နယ်နှစ်ခုတွင် လျှပ်စီးလက်မိုးကြိုးပစ် ခြင်းကြောင့် ငါးဦးသေဆုံးခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
ရေထဲမျောပါသွားသူနှစ်ဦးကို ယခုချိန်အထိ ရှာမတွေ့သေးကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီဂျန်ဘာတာရီကပြောကြားခဲ့သည်။
လွန်ခဲ့သောသီတင်းပတ် မုတ်သုံရာသီ စတင်ချိန်ကတည်းက ယခုချိန်အထိ သေဆုံးသူ ၂၇ ဦးအထိ
ရှိလာပြီဖြစ်ကြောင်း ဘာတာရီကပြောသည်။ တောင်ကုန်းထူထပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် နီပေါနိုင်ငံသည် မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်များကို ပုံမှန် ကြုံတွေ့လေ့ရှိသည်။ (Xinhua)
……………………….
(English Version)
Rain-sparked disasters kill 27 in 2 weeks in Nepal
KATHMANDU, June 26 (Xinhua) — A total of 27 people have been killed in Nepal in disasters triggered by monsoon rains in the past two weeks, the authorities said Wednesday.
Nine people were killed and 10 others injured in landslides and floods in four districts on the day, while five others died in three lightning strikes in two districts, according to the National Disaster Risk Reduction and Management Authority.
“Two people missing in floods are yet to be traced,” Dijan Bhattarai, the authority’s spokesperson, told Xinhua.
The death toll from disasters has reached 27 since the monsoon season started in the country two weeks ago, said Bhattarai.
As a mountainous country, Nepal is prone to rain-induced disasters during the monsoon season ■
People wade through flood water in Kathmandu, Nepal on Aug. 8, 2023. (Photo by Sulav Shrestha/Xinhua)