Connect with us

Asia

မသန်စွမ်းကလေးများအတွက် ပိုမိုကောင်းမွန်သော သင်ကြားရေးရလဒ်များရရှိစေရန် လာအိုဆွေးနွေး

လာအိုနိုင်ငံ Oudomxay ပြည်နယ်၊ Muangxay မြို့တွင် သူငယ်တန်း ကျောင်းသားကို စာသင်ပေးနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက မသန်စွမ်းကလေးများ ပိုမိုကောင်းမွန်သော သင်ကြားရေးရလဒ်များ ရရှိစေရန်အတွက် သင်ကြားရေးနည်းလမ်းများ အဆင့်မြှင့်တင်ရန် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း လာအိုပညာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ဇွန် ၂၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။ ဆွေးနွေးပွဲသည် မသန်စွမ်းကလေးများအတွက် ပညာရေးသင်ယူနိုင်မှု ကွာဟချက် လျော့နည်းစေရန် အမျိုးသားပညာရေးမူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစီအစဉ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲပြီးဆုံးပါက သင်တန်းသားများသည် ဘက်စုံစွမ်းရည် ပြည့်ဝသော ပညာရေးပတ်ဝန်းကျင်ဖွံ့ဖြိုးအောင် အကောင်းဆုံး လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ ယခုဆွေးနွေးပွဲသည် မသန်စွမ်း ကလေးများအတွက် ပညာရေးရလဒ်ကောင်းများကို တိုးတက်စေမည် ဖြစ်သည်။ (Xinhua)
………………………
(English Version)
Laos seeks to improve education for disabled children
VIENTIANE, June 27 (Xinhua) — Laos’ Ministry of Education and Sports held a workshop to improve teaching methods to ensure that children with disabilities have better learning outcomes.
The workshop is taking place here from June 23 to 29, according to the ministry’s report on Thursday.
The training supports the national policies, strategies, and action plans for people with disabilities to resolve and reduce disparities in access to education, to ensure that everyone has equal and comparable access to education.
At the end of the training, participants will be better equipped to develop more inclusive and effective educational environments. This will improve educational outcomes for students with disabilities, ensuring they receive the support they need to thrive academically and socially. ■
Pasahak Suliya teaches calculation at a kindergarten in Muangxay, Oudomxay province, Laos, July 26, 2023. (Photo by Kaikeo Saiyasane/Xinhua)