Connect with us

Asia

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံရံပြိုကျကာ လူ ၃ ဦး သေဆုံး

နယူးဒေလီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ဒေလီမြို့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆောက်လက်စအဆောက်အအုံ နံရံပြိုကျပြီးနောက် လူ ၃ ဦးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများက ဆင်ဟွာကို တယ်လီဖုန်းမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။
သေဆုံးသူများအားလုံးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူများဖြစ်ကြသည်။ အဆိုပါ ပိတ်မိသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
“ဒီနေ့မနက်က မိုးသည်းသည်းမည်းမည်းရွာပြီး အလုပ်သမားတွေနေတဲ့ ယာယီအဆောက်အအုံပေါ် သစ်ပင်လဲကျသွားတယ်။ အဲဒီမှာ အဆောက်အအုံတစ်လျှောက်နံရံက အိပ်ပျော်နေတဲ့အလုပ်သမားတွေပေါ် ပြိုကျသွားပြီး ပိတ်မိသွားတာ” ဟု မျက်မြင်သက်သေက ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
3 feared dead in Delhi wall collapse amid heavy rains
NEW DELHI, June 28 (Xinhua) — At least three persons were feared dead after a wall in a house under construction collapsed on them amid heavy rains in south Delhi on Friday, confirmed an eyewitness to Xinhua over phone.
All the deceased were labors working at the construction site. Rescue work was on to rescue those trapped. “Amid heavy rains this morning, a tree fell on the temporary hutment in which the laborers were living. As a result, the wall along with the structure collapsed on the sleeping laborers, thus trapping them under the debris,” said the eyewitness.