Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ ဆိုက်ဘာရာဇဝတ်မှုတွင် ပါဝင်ပတ်သက်သည့် နိုင်ငံခြားသား ၁၀၃ ဦးကို ဖမ်းဆီး

ဂျကာတာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအပန်းဖြေစခန်းရှိ ဗီလာတစ်ခုတွင် နိုင်ငံခြားသား ၁၀၃ ဦးကို ဆိုက်ဘာ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်မှုဖြင့် ဇွန် ၂၇ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ဆိုက်ဘာရာဇ၀တ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိပြီး ဘာလီကျွန်းတွင် လှည့်လည်သွားလာနေထိုင်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ် ဆီမိုင်ကာရမ်က ဇွန် ၂၇ ရက်တွင် ပြောကြားသည်။
အဆိုပါ ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၉၁ ဦးပါဝင်ကြောင်း သိရသည်။
၎င်းတို့၏ နေထိုင်ခွင့်ပါမစ်ဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ဆိုက်ဘာလိမ်လည်မှု၊ နယ်စပ်ဖြတ်ကျော် မှုနှင့် အွန်လိုင်းလောင်းကစားမှုများတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှု အထောက်အထားများကို ရဲအရာရှိများက ထုတ်ဖော်ပြောကြားသည်။
၎င်းတို့အား ဖမ်းဆီးစဉ်အတွင်း ကွန်ပျူတာများ၊ လက်ပ်တော့များ၊ ဆဲလ်ဖုန်းများအပါအဝင် လောင်းကစားပြုလုပ်သည့် ဆော့ဖ်ဝဲလ်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲအရာရှိများကပြောသည်။ (Xinhua)
………………………..
(English Version)
Indonesia arrests 103 foreigners linked to cybercrime in Bali
JAKARTA, June 28 (Xinhua) — Indonesia’s Directorate General of Immigration arrested 103 foreigners at a villa on the resort island of Bali, alleging their involvement in cybercrime activities.
“They are suspected of committing cybercrimes in their countries but operating from Bali,” said Director General of Immigration Silmy Karim on Friday.
Among the arrested individuals, there were 12 women and 91 men.
Despite initially suspecting issues with their residence permits, evidence revealed their involvement in cyber fraud, cross-border skimming, and online gambling.
During the arrests, police confiscated computers, laptops, hundreds of cell phones, and various software components. ■