Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ၌ လျှပ်စစ်ကား ပြေးဆွဲ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ လမ်းများတွင် လှည့်လည်ပြေးဆွဲသော အနီရောင်ခရီးသွား ဧည့်သည်စီးဘတ်စ်ကားပေါ် စီးနင်းလိုက်ပါသူများကို ၂၀၁၉ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းရှိ ဇေလီမြို့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ဟိုက်ဘရစ်လျှပ်စစ်ကားလေးစီးကို ဇွန် ၂၈ ရက်က စတင်အသုံးပြုခဲ့ကြောင်း သိရသည်။
ယင်းမြို့တွင် လေထုညစ်ညမ်းမှုမြင့်တက်လာသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် လျှပ်စစ်ကားများကို သုံးစွဲ၍ ပြေးဆွဲခြင်းဖြစ်သည်ဟု မြို့တော်ဝန် အဆတ်ဒ်ဇန်ဟစ်က ပြောကြားသည်။ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်မားနေခြင်းအား လျှော့ချပေးမည်ဖြစ်ပြီး လေထုညစ်ညမ်းမှုကိုလည်း လျော့နည်းလာစေမည်ဟု ယင်းက ထပ်လောင်းပြောကြားသည်။ လျှပ်စစ်ကားများအား သက်ကြီးရွယ်အိုများနှင့် အသက်ဆယ်နှစ်အောက်ကလေးများကို အခမဲ့ စီးနင်းခွင့်ပြုမည်ဖြစ်ပြီး ကျောင်းသားများကို လက်မှတ်ခတစ်ဝက်ဖြင့် စီးနင်းခွင့်ပြုမည်ဖြစ်သည်။
လျှပ်စစ်ကားများသည် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး စွမ်းအင်ချွေတာရာရောက်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားသည်။ (Xinhua)

…………………………
(English Version)
Lebanon’s Zahle introduces eco-friendly buses to combat pollution
BEIRUT, June 28 (Xinhua) — Zahle, the largest municipality in eastern Lebanon, introduced four hybrid electric buses to its public transportation system on Friday.
Assaad Zgheib, the mayor of Zahle, said the municipal council opted for these environmentally friendly buses following the detection of high pollution levels in the city.
“This vital project will reduce the pollution level in the city and the burden of land transportation, which has increased in cost by 15-fold in less than two years due to the country’s economic crisis,” he said.
He further detailed that rides are complimentary for senior citizens, individuals with special needs, and children under ten. Additionally, students receive a 50 percent fare discount.
Jad Khoury, an automotive mechanical engineering specialist, highlighted the environmental benefits of these buses, emphasizing their role in curbing car emissions, reducing air pollution, and conserving energy. ■
Tourists ride a red tourist bus meandering through the streets of Beirut, Lebanon on May 4, 2019. (Xinhua/Bilal Jawich)