Connect with us

Asia

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ရေဘေးသင့်သူ ခြောက်သိန်းကျော်နှင့် သေဆုံးသူ လူ ၁၈ ဦး ရှိလာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် နဂွန်ခရိုင်တွင် ရီမယ်(လ်) ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ပြီးနောက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ကို ၂၀၂၄ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် လူပေါင်း ၆၀၀,၀၀၀ ကျော် ရေဘေးသင့်မှုဖြစ်ပွားလျက်ရှိကြောင်းနှင့် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ဇွန် ၄ ရက်၌ တာဝန်ရှိသူများက ပြောသည်။
ရေကြီးရေလျှံမှုဒဏ်ကို ခရိုင် ၁၀ ခု ခံစားခဲ့ရပြီး အခြေအနေမှာဆိုးရွားလျက်ရှိကြောင်း သိရသည်။

ခရိုင် ၁၀ ခုရှိ လူပေါင်း ၆၂၅,၃၁၈ ဦးမှာ ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့နေရကြောင်း၊ လွန်ခဲ့သော ၂၄ နာရီအတွင်း လေးဦး အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသူ အရေအတွက်မှာ ၁၈ ဦးအထိ တိုးလာကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် ကချာခရိုင်၌ လူလေးဦးပျောက်ဆုံးနေကြောင်း၊ လတ်တလောတွင် ကျေးရွာပေါင်း ၅၇၇ ရွာ ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီး ဘေးဒဏ်သင့် ခရိုင်များတွင် ကောက်ပဲသီးနှံ ဧက ၆၀၂၃ ဧကခန့် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေသန္တရအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးစခန်း ၁၉၁ ခုနှင့် ထောက်ပံ့ပေးရေး စင်တာ ၁၀၈ ခု ဖွင့်လှစ်ထားကြောင်း အာသံပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောသည်။
ထို့ပြင် အာဏာပိုင်များသည် ဘေးဒဏ်သင့်ဒေသများတွင် ရထားလမ်းများ ထိခိုက်ပျက်စီးမှုဖြစ်ပွားသည့်အတွက် ရထားခရီးစဉ်အချို့ကိုလည်း ဖျက်သိမ်းထားသည်။

အမျိုးသားဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးတပ်ဖွဲ့ (အင်န်ဒီအာရ်အက်ဖ်) နှင့် ပြည်နယ်ဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက်ရေးတပ်ဖွဲ့ (အက်စ်ဒီအာရ်အက်ဖ်) တို့မှ ဝန်ထမ်းများကို ရေကြီးရေလျှံမှုဖြစ်ပွားသော ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဖြန့်ကြက်ထားကြောင်းသိရသည်။ (Xinhua)

…………………………
(English Version)

Floods affect over 600,000 in India’s Assam, death toll rises to 18

NEW DELHI, June 4 (Xinhua) — The ongoing floods in India’s northeastern state of Assam have affected over 600,000 people and killed 18, officials said Tuesday.
The floods have hit 10 districts and the situation remains grim.
“In Assam, the flood situation remains grim as 625,318 people are reeling under the deluge across 10 districts,” an official said. “Four people have lost their lives in the past 24 hours and the number of deaths caused by the floods has so far reached to 18.”
Additionally, four people are reported missing in Cachar district.
Officials said at present 577 villages are inundated and about 6,023 hectares of crop area have been damaged across the affected districts.
According to the Assam State Disaster Management Authority (ASDMA), the local government has opened 191 relief camps and 108 distribution centers in the affected areas.
Authorities have also canceled some trains owing to the damage to railway tracks in the affected areas.
Meanwhile, personnel from the National Disaster Response Force (NDRF) and State Disaster Response Force (SDRF) have been deployed to carry out rescue and relief operations in the flood-hit districts.
Villagers stand in flood water after heavy rains following the landfall of Cyclone Remal in Nagaon district, Assam, northeastern India, on May 29, 2024. (Str/Xinhua)