Connect with us

Myanmar

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ငါးမျိုးစိတ်အသစ် တွေ့ရှိ

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ရေချိုငါးမျိုးစိတ်အသစ်တစ်မျိုး တွေ့ရှိထားကြောင်း အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲသုတေသနအင်စတီကျု၊ တရုတ်သိပ္ပံအကယ်ဒမီ (CAS) က ဇွန် ၅ ရက် ဖော်ပြချက်အရ သိရသည်။
အဆိုပါ မျိုးစိတ်အသစ်ကို ရုပ်သွင်ပညာနှိုင်းယှဉ်ချက်ပေါ် အခြေခံ၍ Physochistura longibulla ဟု အမည်ပေးခဲ့သည်။
Zootaxa သိပ္ပံပညာရပ်ဆိုင်ရာဂျာနယ်တွင် ဖော်ပြထားသော အဆိုပါ တွေ့ရှိမှုကို CAS ကူမင်းအင်စတီကျု၊ သတ္တဗေဒဌာနမှ သုတေသီများက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လေ့လာတွေ့ရှိချက်အရ Physochistura longibulla ငါးမျိုးစိတ်အသစ်သည် ပါးဟက်ရေယက်အမျှင် ၈ ခုမှ ၉ ခု ပါရှိခြင်း၊ မျက်ခွံအိတ်မပါရှိခြင်း၊ အကြောမျှင်ပါဝင်ခြင်း၊ လေရှူပေါက် ၉၃ ခုမှ ၁၀၂ ခုအထိ ပါရှိခြင်း၊ ရှည်လျားသော ကျောဘက်ဘဲဥပုံရေယက် လေအိတ်များ ကောင်းမွန်စွာပါရှိခြင်း၊ အရှေ့ပိုင်းနှင့် ရှည်လျား သွယ်လျသောပြွန်ဖြင့် ချိတ်ဆက်နေခြင်း စသည့် သွင်ပြင်လက္ခဏာရှိခြင်းကြောင့် အခြားမျိုးစိတ်များမှ ကွဲထွက်နေကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
New loach species found in central Myanmar
YANGON, June 7 (Xinhua) — A new species of the freshwater fish loach has been found in Myanmar’s central Mandalay region, according to the Southeast Asia Biodiversity Research Institute, Chinese Academy of Sciences (CAS) on Wednesday.
The new species has been named Physochistura longibulla, based on morphological comparison.
The study, published in scientific journal Zootaxa, was conducted by researchers from the CAS Kunming Institute of Zoology.
According to the study, Physochistura longibulla is distinguished from other species by a combination of features including 8-9 branched pectoral-fin rays, suborbital flap or suborbital groove absent, lateral line complete, with 93-102 pores, and long elliptical posterior chamber of air bladder well-developed, connecting anterior with a long and thin tube.