Connect with us

Europe

ကနေဒါနိုင်ငံ၏ ဒုတိယအကြီးဆုံးလေကြောင်းလိုင်းက လေကြောင်းခရီးစဉ် ၂၃၅ ခု ထပ်မံဖျက်သိမ်းကြောင်း ကြေညာ

ကနေဒါနိုင်ငံ British Columbia ပြည်နယ် Richmond မြို့ရှိ ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆန္ဒပြနေရာတွင် မတ်တတ်ရပ်နေကြသော WestJet လေယာဉ်စက်ပြင်များကို ၂၀၂၄ ခုနှစ် ဇွန်၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗန်ကူးဗား၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ကနေဒါနိုင်ငံ၏ ဒုတိယအကြီးဆုံးလေကြောင်းလိုင်းဖြစ်သော WestJet Group က ၎င်း၏လေယာဉ်ထိန်းသိမ်းရေး အင်ဂျင်နီယာများက ဆန္ဒပြမှုကြောင့် နောက်ထပ် လေကြောင်းခရီးစဉ် ၂၃၅ ခု ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ယခုထပ်မံဖျက်သိမ်းလိုက်သော ခရီးစဉ်များကြောင့် ခရီးသွားဧည့်သည် ၃၀,၀၀၀ ခန့်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ ဇွန် ၂၉ ရက် အ‌စောပိုင်းက ကနဦးဖျက်သိမ်းခဲ့သော လေကြောင်းခရီးစဉ် ၁၅၀ ကြောင့် ခရီးသည် ၂၀,၀၀၀ ခန့် ထိခိုက်ခဲ့ကြောင်း သိရသည်။ လေကြောင်း စက်မှုအင်ဂျင်နီယာများအသင်း (AMFA) ၏ ဆန္ဒပြမှုကြောင့် လေကြောင်းခရီးစဉ်ဖျက်သိမ်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ WestJet လေယာဉ်ထိန်းသိမ်းရေး အင်ဂျင်နီယာ ၆၇၀ ခန့်ရှိသော AMFA က ဇွန် ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၄:၃၀ နာရီက စတင်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Canada’s second-largest airline announces additional 235 flight cancellations amid strike
VANCOUVER, June 30 (Xinhua) — Canada’s second-largest airline, the WestJet Group, on Saturday announced an additional 235 flight cancellations due to a strike by its aircraft maintenance engineers.
The new round of flight cancellations is expected to impact about 30,000 more guests, according to the company, following an initial cancellation of 150 flights earlier Saturday that impacted about 20,000 passengers. A strike by the Aircraft Mechanics Fraternal Association (AMFA) led to the flight cancellations. AMFA, representing about 670 WestJet maintenance engineers, began strike action at 4:30 p.m. local time (2330 GMT) on Friday.
Photo: WestJet airplane mechanics stand in the picket line at Vancouver International Airport in Richmond, British Columbia, Canada, June 29, 2024. (Photo by Liang Sen/Xinhua)