Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ပထမနှစ်ဝက်အတွင်း ၁၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ စက်ရုံတစ်ရုံတွင် ပုဇွန်အခွံခွာနေသော အလုပ်သမားများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၀၉ ဘီလီယံ ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ဒေါ်လာ ၂၃ ဒသမ ၁၅ ဘီလီယံ (၁၂ ဒသမ ၇ ရာခိုင်နှုန်း) တိုးတက်ခဲ့ ကြောင်း ဇူလိုင် ၁၀ ရက်ထုတ်ပြန်သော တရားဝင်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုနှစ်ဇန်နဝါရီလမှ ဇွန်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂၉ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၂ ဒသမ ၆ ရာခိုင် နှုန်းမြင့်တက်လာကာ စုစုပေါင်းသွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈ ဘီလီယံရှိပြီး ၁၂ ဒသမ ၈ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်နှင့် ကုန်စည်ဒိုင် အထွေထွေဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက် ငါးနိုင်ငံသည် တရုတ်၊ အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
အဓိကပို့ကုန်များမှာ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများ၊ စက်ဘီးများ၊ ရော်ဘာခြောက်၊ ဆန်စပါး၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ သရက်သီး၊ ရေနံ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အလှကုန်များ စသည်တို့ဖြစ်သည်။
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (CCFTA) တို့သည် ကုန်သွယ်မှုတိုးတက်ရေးကို အဓိကမြှင့်တင်ပေးကြောင်း ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ ပန်ဆိုဗီချက်ကပြောကြားသည်။ (Xinhua)
……………………..
(English Version)
Cambodia’s int’l trade up 12.7 pct in H1 2024
PHNOM PENH, July 10 (Xinhua) — Cambodia’s foreign trade volume reached 26.09 billion U.S. dollars in the first half of 2024, up 12.7 percent from 23.15 billion dollars over the same period last year, said an official report released on Wednesday.
The kingdom’s total exports amounted to 12.29 billion dollars during the January-June period this year, up 12.6 percent compared to the same period last year, and total imports hit 13.8 billion dollars, up 12.8 percent, according to the General Department of Customs and Excise’s report.
The Southeast Asian country’s top five trading partners are China, the United States, Vietnam, Thailand, and Japan, the report said.
The kingdom exported mainly garment, footwear and travel goods products, bicycles, dry rubber, milled rice, bananas, cashew nuts, mangoes, and longans, as it imported raw materials for garment, footwear and travel goods, petroleum, construction materials, automobiles and motorcycles, electronic products, consuming goods, pharmaceutical products and cosmetics, among others.
Cambodian Ministry of Commerce’s Secretary of State and spokesperson Penn Sovicheat said the Regional Comprehensive Economic Partnership (RCEP) agreement and the Cambodia-China Free Trade Agreement (CCFTA) have given a boost to this trade growth.■
Workers peel shrimps at a factory in Phnom Penh, Cambodia on Sept. 7, 2023. (Photo by Van Pov/Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.