Connect with us

North America

ထရမ့်က ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်း တရားဝင်ဖြစ်လာရန် လုံလောက်သောကိုယ်စားလှယ်မဲ အလုံအလောက်ရရှိ

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် အမျိုးသားဆိပ်ကမ်းတွင် Conservative Political Action Conference (CPAC) တက်ရောက်နေသော သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မီလ်ဝေါ်ကီ၊ အမေရိကန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
ရီပက်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် လပေါင်းများစွာ ထင်ကြေးပေးခံခဲ့ရသော အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပါတီ၏ တရားဝင်အမည်စာရင်းတင်သွင်းရန် ဇူလိုင် ၁၅ ရက်က ကိုယ်စားလှယ်မဲအရေအတွက် အလုံအလောက်ရရှိခဲ့ကြောင်း သိရသည်။
လွန်ခဲ့သောနှစ်ရက်အကြာက လုပ်ကြံရန်ကြိုးပမ်းမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော သမ္မတဟောင်း ထရမ့်သည် ဝစ္စကွန်ဆင်ပြည်နယ် မီလ်ဝေါ်ကီမြို့ရှိ ရီပက်ဘလစ်ကန် အမျိုးသားကွန်ဗင်းရှင်းတွင် ကိုယ်စားလှယ်များထံမှ ထောက်ခံမဲအများစု ရရှိခဲ့သည်။
ထရမ့်သည် ရွေး‌ကောက်ပွဲသုံးကြိမ်ဆက်တိုက် ရီပက်ဘလစ်ကန်ပါတီကို ဦးဆောင်မည်ဖြစ်သည်။ ထရမ့်က ၂၀၁၆ ခုနှစ်တွင် ဟီလာရီကလင်တန်ကိုလည်း‌ကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကိုလည်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထရမ့်က ၎င်း၏ ဒုတိယသမ္မတလောင်းအဖြစ် အိုဟိုင်းအိုးပြည်နယ် အထက်လွှတ်တော်အမတ် ဂျေ ဒီ ဗန့်စ်ကို ရွေးချယ်ကြောင့် Truth Social မီဒီယာပလက်ဖောင်း၌ ဇူလိုင် ၁၅ ရက် အစောပိုင်းက ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Trump secures sufficient delegate votes to formally become Republican Party’s nominee
MILWAUKEE, THE UNITED STATES, July 15 (Xinhua) — Former President Donald Trump, who has been the presumptive Republican nominee for months, received enough delegate votes on Monday to officially become the party’s nominee.
The former president, who survived an attempted assassination two days ago, garnered a majority of votes from delegates at the Republican National Convention in Milwaukee, Wisconsin.
Trump will lead the Republican Party through a third consecutive election, following his victory against Hillary Clinton in 2016 and his defeat to current President Joe Biden in 2020.
Earlier on Monday, Trump announced via his social media platform Truth Social that he has chosen Ohio Senator J.D. Vance as his running mate.
Photo: Former U.S. President Donald Trump attends the Conservative Political Action Conference (CPAC) at National Harbor in Maryland, the United States, Feb. 24, 2024. (Photo by Aaron Schwartz/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.