Connect with us

Europe

ကြက်ငှက်တုပ်ကွေးအန္တရာယ် သုံးဆတိုးလာနိုင်ကြောင်း ဩစတြေးလျပညာရှင်များက သတိပေး

ကင်ဘာရာ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံသည် ကြက်ငှက်တုပ်ကွေးရောဂါအမျိုးအစားသုံးမျိုးမှ မကြုံစဖူးခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသားသိပ္ပံအေဂျင်စီမှ ကျွမ်းကျင်သူများကပြောသည်။
ဓနသဟာယသိပ္ပံနှင့် စက်မှုသုတေသနအဖွဲ့၏ ဩစတြေးလျရောဂါ ကြိုတင်ပြင်ဆင်ရေးဗဟိုဌာနမှ ပညာရှင်များဖြစ်သည့် ဒယ်ဘီအီးဂဲစ်နှင့် ဖရန့်ခ်ဝေါင်တို့က ဩစတြေးလျတွင် ပြင်းထန်သည့် ရောဂါဖြစ်စေနိုင်သော H7 ကြက်ငှက်တုပ်ကွေးမျိုးကွဲ သုံးမျိုးကို ၂၀၂၄ ခုနှစ်၌ တွေ့ရှိခဲ့ကြောင်း ဇူလိုင် ၁၅ ရက်က သတိပေးပြောကြားသည်။

အရှေ့တောင်ပိုင်း ပြည်နယ်များဖြစ်သည့် ဗစ်တိုးရီးယား၊ နယူးဆောက်သ်ဝေးနှင့် ဩစတြေးလျနိုင်ငံ မြို့တော်နယ်မြေတို့ရှိ ကြက်ခြံများမှ ကြက်အကောင်ရေ ၅၀၀,၀၀၀ ကျော်ကိုလည်း ရောဂါကူးစက်နိုင် သည့်အတွက် သုတ်သင်ခဲ့ရသည်။
ကျွမ်းကျင်သူများသည် တစ်ပြိုင်နက်တည်း ဖြစ်ပွားနေသည့် ရောဂါများ၏နောက်ကွယ်မှ အကြောင်းရင်းကို ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း အေအေပီသတင်းဌာနသို့ ဝေါင်က ပြောကြားသည်။

ဇူလိုင်လအစောပိုင်းတွင် ပြည်ထောင်စုအစိုးရသည် ပြင်းထန် ကြက်ငှက်တုပ်ကွေးရောဂါ H5 (HPAI) ဖြစ်ပွားနိုင်ခြေအတွက် ကြိုတင် ပြင်ဆင်မှုများမြှင့်တင်ရန် ရန်ပုံငွေ ဩစတြေးလျဒေါ်လာ ၆ ဒသမ ၉ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်း)ကို ထုတ်ပေးရန် ကတိပြုခဲ့သည်။ (Xinhua)

……………………..
(English Version)
Australian experts warn of triple avian influenza threat
CANBERRA, July 15 (Xinhua) — Australia is facing an unprecedented threat from three different strains of avian influenza according to experts from the national science agency.
Debbie Eagles and Frank Wong from the Australian Center for Disease Preparedness (ACPD) at the Commonwealth Scientific and Industrial Research Organisation (CSIRO) on Monday warned that three strains of the highly pathogenic H7 avian influenza have been detected in Australia in 2024.
The outbreaks have affected poultry farms in the southeastern states of Victoria and New South Wales (NSW) as well as the Australian Capital Territory (ACT), prompting the culling of over 500,000 chickens.
Wong told the Australian Associated Press (AAP) that experts have not been able to identify a reason behind the simultaneous outbreaks.
The federal government earlier in July committed 6.9 million Australian dollars (4.6 million U.S. dollars) in funding to boost preparations for a possible outbreak of the H5 Highly Pathogenic Avian Influenza (HPAI).