Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ရေဘေးကြောင့် လူ ၃၅ ဦး သေဆုံး၊ ၂၅၀ ဒဏ်ရာရရှိ

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ် Surkh Rod ခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ပျက်စီးမှုများကို စစ်ဆေးနေသူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် မိုးသက်မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၂၅၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နန်ဂါဟာပြည်နယ် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ညွှန်ကြားရေးမှူး Qurishi Badlon က ပြောကြားချက်အရ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ပြည်နယ်မြို့တော် ဂျလာလာဘတ်၊ Sukh Rod ခရိုင်၊ ပါကစ္စတန်နိုင်ငံနှင့် ထိစပ်နေသော ယင်းပြည်နယ်ရှိ အခြားအနီးဝန်းကျင်နေရာများတွင် ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူအရေအတွက် မြင့်တက်နိုင်ဖွယ်ရှိကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ထို့ပြင် ဇူလိုင် ၁၅ ရက် နံနက်အစောပိုင်းက နန်ဂါဟာပြည်နယ်နှင့် အနီးဝန်းကျင် ကူနားပြည်နယ်တွင်လည်း အလားတူ သဘာဝဘေးကြောင့် လူ ၅ ဦး သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ (Xinhua)

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ် Surkh Rod ခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ပျက်စီးမှုများကို စစ်ဆေးနေသူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ် Surkh Rod ခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ပျက်စီးမှုများကို စစ်ဆေးနေသူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ် Surkh Rod ခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ပျက်စီးမှုများကို စစ်ဆေးနေသူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
35 dead, 250 injured in east Afghanistan flash floods
JALALABAD, Afghanistan, July 15 (Xinhua) — At least 35 people were killed and 250 others were injured as rainstorms and flash floods swept through east Afghanistan’s Nangarhar province on Monday afternoon, a local official said.
The disaster, according to Nangarhar’s provincial director for information and culture Qurishi Badlon, affected the provincial capital of Jalalabad, Sukh Rod District and their neighboring areas in the province bordering Pakistan.
The casualties are expected to rise, the official added.
A similar natural disaster also claimed five lives in Nangarhar’s neighboring Kunar province hours earlier on Monday morning.
Photo 1, 2, 3: People check the damage after a flash flood in Surkh Rod District, Nangarhar province, Afghanistan, on July 15, 2024. (Photo by Aimal Zahir/Xinhua)