Connect with us

North America

ဘိုင်ဒန်တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိကြောင်း အိမ်ဖြူတော်ပြော

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်တွင် သမ္မတ ဂျိုးဘိုင်ဒန်ကို ၂၀၂၄ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တွင် ဇူလိုင် ၁၇ ရက်က ကိုဗစ်-၁၉ (COVID-19) ရောဂါ စစ်ဆေးတွေ့ရှိကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ကြောင်း သိရသည်။
“ဒီနေ့ (ဇူလိုင် ၁၇ ရက်) အစောပိုင်းက လာ့စ်ဗီးဂပ်စ်မှာ ပထမဆုံးအစီအစဉ်ပြီးတဲ့နောက် သမ္မတ ဘိုင်ဒန်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူက ကာကွယ်ဆေးရော၊ ထပ်ဆောင်းကာကွယ်ဆေးရော ထိုးထားပြီးပါပြီ။ ရောဂါလက္ခဏာ အပျော့စား‌လေးတွေတော့ ခံစားနေရပါတယ်” ဟု အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ရှိသူ Karine Jean-Pierre ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
“သူက သီးသန့်ခွဲခြားနေထိုင်ဖို့ ဒယ်လာဝဲပြည်နယ်ကို ပြန်လာမှာဖြစ်ပြီး အဲဒီကာလအတွင်း တာဝန်တွေအားလုံးကို အပြည့်အဝ ဆက်လက်ထမ်းဆောင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“သမ္မတက နေ့လယ်ပိုင်းမှာတော့ နှာရည်ယိုတာ၊ ချောင်းခြောက်ဆိုးတာ စတဲ့ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေပြပါတယ်။ ယေဘုယျရောဂါလက္ခဏာတွေပါပဲ” ဟု ဘိုင်ဒန်ကို ကုသပေးနေသော ဆရာဝန်၏ ဆေးမှတ်တမ်းအား ကိုးကား၍ Jean-Pierre က ပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Biden tests positive for COVID-19: White House
WASHINGTON, July 17 (Xinhua) — U.S. President Joe Biden tested positive for COVID-19 on Wednesday, the White House confirmed.
“Earlier today following his first event in Las Vegas, President Biden tested positive for COVID-19. He is vaccinated and boosted, and he is experiencing mild symptoms,” White House Press Secretary Karine Jean-Pierre said in a statement.
“He will be returning to Delaware where he will self-isolate and will continue to carry out all of his duties fully during that time,” she said.
“The president presented this afternoon with upper respiratory symptoms, to include rhinorhea (runny nose) and non-productive cough, with general mailaise,” according to a note from Biden’s doctor provided by Jean-Pierre.
Photo: U.S. President Joe Biden is pictured at the White House in Washington, D.C., the United States, on May 13, 2024. (Photo by Aaron Schwartz/Xinhua)