Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ အုန်းသီးစွန့်ပစ်ပစ္စည်းမှ ဇီဝလောင်စာထုတ်လုပ်ရေးလုပ်ငန်းမြှင့်တင်မည်

အင်ဒိုနီးရှားနိုင်ငံ West Aceh ဒေသ Meulaboh မြို့တွင် ရမ်ဇာန်လအတွင်း မီးကင်ထားသော အုန်းသီးရောင်းနေသော မိန်းကလေးတစ်ဦးကို ၂၀၁၉ ခုနှစ် မေ ၁၀ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
အင်ဒီုနီးရှားနိုင်ငံ၌ အုန်းသီးစွန့်ပစ်ပစ္စည်းမှ တစ်ဆင့်ဇီဝလောင်စာထုတ်လုပ်ရေးလုပ်ငန်း၏ အရေးပါပုံကို သမ္မတ ဂျိုကိုဝီဒိုဒိုက အလေးပေးပြောကြားခဲ့သည်ဟု ဇူလိုင် ၂၃ ရက် သတင်းအရသိရသည်။
နိုင်ငံအတွင်း အုန်းသီးစွန့်ပစ်ပစ္စည်းမှ ဇီဝလောင်စာထုတ်လုပ်နေပြီး ယင်းလုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက အရှေ့ဂျာဗားပြည်နယ် ဆူရာဗာယာတွင် ကျင်းပသည့် (၅၁)ကြိမ်မြောက် နိုင်ငံတကာ အုန်းနည်းပညာညီလာခံနှင့် ပြပွဲတွင် ပြောကြားခဲ့သည်။
အုန်းသီးမှထုတ်လုပ်သည့် ဇီဝလောင်စာသည် နိုင်ငံတကာဈေးကွက်နှင့် ကိုက်ညီမှုရှိပြီး နိုင်ငံအများအပြားတွင် ဝယ်လိုအား မြင့်တက်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ နိုင်ငံအတွင်း အစိမ်းရောင်စီးပွားရေး လုပ်ငန်းကို မြှင့်တင်သည့်အနေဖြင့် အုန်းသီးမှ ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းနှင့်အတူ ကော်ဖီနှင့် ငရုတ်ကောင်းစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းကို မြှင့်တင်ရမည်ဟု ၎င်းကပြောကြားသည်။
နိုင်ငံအတွင်း အုန်းစိုက်ပျိုး မြေဧက ဟက်တာ ၃ ဒသမ ၈ သန်းရှိပြီး ကမ္ဘာ့ ဒုတိယမြောက် အုန်းသီးထုတ်ကုန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည်။ (Xinhua)
………………………………….
(English Version)
Indonesian president calls for using coconut waste to produce biofuel
JAKARTA, July 22 (Xinhua) — Indonesian President Joko Widodo on Monday emphasized the importance of utilizing coconut waste to produce biofuel as part of the efforts to advance the green economy.
“I see a lot of coconut waste being processed into biofuel, which is crucial for further development,” Widodo said at the 51st International Cocotech Conference and Exhibition in Surabaya, East Java, as reported by local media.
Widodo explained that this downstream process would leverage current technology to ensure that the products meet market requirements and are in high demand in various countries.
He added that Indonesia can maximize its green economy potential by developing the coconut commodity industry alongside other commodities such as vanilla, cocoa, coffee, and pepper.
With 3.8 million hectares of coconut plantations, Indonesia is the second largest producer of coconut commodities in the world, with an annual production of 2.8 million tons. ■
A girl waits to sell roasted coconuts during Ramadan month in Meulaboh, West Aceh, Indonesia, May 10, 2019. (Xinhua/Abiyyu)