Connect with us

Myanmar

မြန်မာနိုင်ငံက ပဲရစ်အိုလံပစ်အားကစားပွဲတွင် ကြက်တောင်နှင့် ရေကူးအားကစား ဝင်ရောက်ယှဉ်ပြိုင်မည်

စင်ကာပူနိုင်ငံတွင် ကျင်းပသော Singapore Badminton Open 2024 ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း ၃၂ ဦးအဆင့်ပွဲစဉ်၊ မြန်မာနိုင်ငံမှ သက်ထားသူဇာနှင့် တောင်ကိုရီးယားနိုင်ငံမှ An Se Young ယှဉ်ပြိုင်မှုအတွင်း မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ယှဉ်ပြိုင်နေသည်ကို ၂၀၂၄ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ပဲရစ်အိုလံပစ်အားကစားပွဲတွင် ကြက်တောင်အားကစားနှင့် ရေကူးအားကစား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။
ကြက်တောင်အားကစားမယ်ဖြစ်သော မသက်ထားသူဇာသည် ကြက်တောင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သလို မောင်ဘုန်းပြည့်ဟန်ကလည်း အမျိုးသား မီတာ ၁၀၀ အလွတ်ရေကူးအားကစား၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်အားကစားပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကြက်တောင်အားကစားမယ် သက်ထားသူဇာက ဒုတိယအကြိမ်မြောက် အိုလံပစ်အားကစားပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲကို ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ရေကူးနှင့် ကြက်တောင်အားကစားပြိုင်ပွဲများကိုမူ ဇူလိုင် ၂၇ ရက်မှစတင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာ ဖော်ပြချက်အရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar to compete in badminton, swimming at Paris Olympics
YANGON, July 24 (Xinhua) — Myanmar athletes will compete in badminton and swimming at the Paris Olympics, the state-run media the Global New Light of Myanmar reported on Wednesday.
Thet Htar Thuzar will attend the badminton women’s singles competition, while swimmer Bhone Pyae Han will compete in the men’s 100m freestyle, the report said.
The Myanmar badminton player, who attended Tokyo 2020, will compete in the Olympics twice in a row, it added.
The Paris 2024 Olympic Games will be held from July 26 to August 11. The swimming and badminton competitions will begin on July 27, the report said.
Photo: Thet Htar Thuzar hits a return during the women’s singles round of 32 match between Thet Htar Thuzar of Myanmar and An Se Young of South Korea at the Singapore Badminton Open 2024 in Singapore, on May 28, 2024. (Photo by Then Chih Wey/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.