Connect with us

Asia

သီရိလင်္ကာသမ္မတ ရွေးကောက်ပွဲကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် မဲဆွယ်စည်းရုံးပွဲ တက်ရောက်လာသူများကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်၌ ကြေညာသည်။
သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းမည့်ရက်ကို ဩဂုတ် ၁၅ ရက်အဖြစ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။

လက်ရှိနိုင်ငံတော်သမ္မတ၏ သက်တမ်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတသစ် ရွေးကောက်တင်မြှောက်ရန်အတွက် လက်ရှိသမ္မတ သက်တမ်းမကုန်ဆုံးမီ တစ်လထက်မနည်း၊ နှစ်လထက်မပိုသော ကာလအတွင်း ရွေးကောက်ပွဲကျင်းပရမည်ဟု ပြဋ္ဌာန်းထားကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာချက်တွင် ဖော်ပြသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဂိုတာဘာရာ ရာဂျာပတ်ဆာသည် သီရိလင်္ကာနိုင်ငံ၏ ခက်ခဲသော စီးပွားရေးအကျပ်အတည်းကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ၌ ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၎င်းနုတ်ထွက်ပြီးနောက် ပါလီမန်တွင် ကျင်းပသော ရွေးကောက်ပွဲ၌ ရာနေးလ်ဝစ်ခ်ရီမီဆင်းဟီက သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ (Xinhua)
……………………………..
(English Version)
Sri Lanka to hold presidential election on Sept. 21
COLOMBO, July 26 (Xinhua) — Sri Lanka’s Election Commission announced on Friday that the country’s presidential election will be held on Sept. 21.
The Election Commission also announced Aug. 15 as the date of nomination of candidates for the election of the president, according to the gazette notification issued in this regard.
The term of the president expires on Nov. 17, 2024 and the poll for the election of the president shall be taken not less than one month and not more than two months before the expiration of the term of the incumbent president, as stipulated in the constitution, according to the Election Commission.
Gotabaya Rajapaksa, who won the presidential election in November 2019, resigned from the post in July 2022 amid a severe economic crisis in the South Asian country.
Ranil Wickremesinghe was elected as president in an election held in parliament following Rajapaksa’s resignation. ■

People attend an election campaign rally in Colombo, Sri Lanka, on Oct. 10, 2019. (Photo by Gayan Sameera/Xinhua)