Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်ဆိုင်ရာ ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေ ရေးဆွဲပြီးစီး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မြင်ကွင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်ဖြစ်သည့် နျူဆန်ထရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရရှိစေရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေကို ရေးဆွဲပြီးစီးခဲ့ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဇူလိုင် ၂၈ ရက်က မြို့တော်သစ် တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းအခြေအနေတိုးတက်မှုများ ပြန်လည်သုံးသပ်ရာ၌ ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ စီးပွားရေးလုပ်ငန်းများမှ မြို့တော်သစ်တွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာ ၃၀၀ ကို လက်ခံရရှိခဲ့ကြောင်း ဝီဒိုဒိုက မှတ်ချက်ပြုပြောကြားသည်။
ယင်းဥပဒေတွင် ရင်းနှီးမြှုပ်နှံသူများရရှိမည့် အခွင့်အရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မြေငှားခွင့်ပေးသည့် သတ်မှတ်ကာလတို့ ပါဝင်သည်။
အင်ဒိုနီးရှားအစိုးရသည် ပြည်ပရင်းနှီးမြှုပ်နှံသူများအား မြို့တော်သစ်တည်ဆောက်ပြီးစီးမှုကို မကြာမီ ဖိတ်ခေါ်၍ ပြသမည်ဖြစ်သည်။
သမ္မတ ဝီဒိုဒိုသည် ဇူလိုင် ၂၈ ရက်တွင် နျူဆန်ထရာ၌ တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးအဖွဲ့အစည်းအဝေးကို မကြာမီကာလတွင် ကျင်းပမည်ဟု သိရသည်။ နိုင်ငံ၏လွတ်လပ်ရေးနေ့အခမ်းအနားကို ဂျကာတာနှင့် နျူဆန်ထရာတို့တွင် တစ်ပြိုင်နက်တည်းကျင်းပနိုင်ရန် အစိုးရက လုပ်ငန်းများပြင်ဆင်ဆောင်ရွက်နေသည်။ (Xinhua)

………………………….
(English Version)

ndonesia completes foreign investment regulation on new capital
JAKARTA, July 29 (Xinhua) — Indonesian President Joko Widodo announced the completion of the regulation on foreign investment in Nusantara, the country’s new capital, during his Sunday review of the city’s development progress.
“There have been around 300 letters of intent (to invest), yesterday we were still waiting for the regulation, now (the regulation) has been completed,” Widodo said.
The regulation includes incentives and land use rights periods.
The government will invite foreign investors back to see the progress of development in Nusantara soon.
As of Monday, Widodo has started work in Nusantara and the first cabinet meeting in the new capital will be held soon.
The Indonesian government is also preparing for its independence celebrations to be held in parallel in Jakarta and Nusantara. ■
Photo taken on Jan. 23, 2022 shows the cityscape in Jakarta, Indonesia. (Xinhua/Xu Qin)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.