Connect with us

Asia

ယခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၁၇ ဒသမ ၅ သန်းကျော် ဝင်ရောက်

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ပတ္တယားမြို့ရှိ ပြတိုက်သို့ လာရောက်လေ့လာသူများကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်ကာလအတွင်း နိုင်ငံခြားခရီးသွား ၁၇ ဒသမ ၅ သန်းကျော် ဆွဲဆောင်နိုင်ခဲ့ကြောင်းနှင့် ယခင်နှစ်ကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဇူလိုင် ၂ ရက်က ဖော်ပြသောအချက်အလက်များအရ သိရသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားများအနက် တရုတ်နိုင်ငံက ၃ ဒသမ ၄၃ သန်းဖြင့် အများဆုံးဖြစ်ကြောင်း၊ ယင်းနောက်တွင် မလေးရှားနိုင်ငံက ၂ ဒသမ ၄၃ သန်းနှင့် အိန္ဒိယနိုင်ငံက ၁ ဒသမ ၀၄ သန်းဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………
(English Version)
Thailand welcomes 17.5 million foreign tourists in H1
BANGKOK, July 3 (Xinhua) — Thailand received over 17.5 million foreign tourists in the first half of 2024, an increase of 35 percent from a year earlier, on course to meet the year-end target of 36.7 million foreign arrivals, official data showed on Tuesday.
With 3.43 million arrivals, Chinese tourists made up the largest source market for the Southeast Asian country in the first six months of this year, followed by 2.43 million from Malaysia and 1.04 million from India, according to the Thai Ministry of Tourism and Sports.

A tourist visits the Sanctuary of Truth museum in Pattaya, Chonburi province, Thailand, June 6, 2024. (Xinhua/Rachen Sageamsak)