Connect with us

Europe

ဘရာဇီးနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၃ ဦး ပျောက်ဆုံးနေဆဲ

ဘရာဇီးနိုင်ငံ ရီယိုဂရန်းဒေးဒိုဆိုက်ပြည်နယ်တွင် ရေဘေးဒဏ်ခံရသူများအား ကယ်ဆယ်ရေးအဖွဲ့ဝင်များက ၂၀၂၄ ခုနှစ် မေ ၅ ရက်၌ ရွှေ့ပြောင်းပေးနေစဉ် (ဆင်ဟွာ)

ဆောပိုလို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်းဒေးဒိုဆိုလ်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ရေကြီးမြေပြိုမှုများကြောင့် အကြီးအကျယ်ပျက်စီးခဲ့ကာ လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသန္တရအရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ဇူလိုင် ၁ ရက်က ပြောကြားလိုက်သည်။
ဧပြီ ၂၉ ရက်က စတင်ခဲ့သော မကြုံစဖူး ပြင်းထန်ဆိုးရွားသည့် ရာသီဥတုနေ့ရက်များကြောင့် လူဦးရေ ၂ ဒသမ ၃၉ သန်းကျော် ထိခိုက်ခဲ့ကြောင်း အဆိုပါအေဂျင်စီ၏ နောက်ဆုံးအစီရင်ခံစာဖော်ပြချက်အရ သိရသည်။ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် လူပေါင်း ၄၅၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇွန်လလယ်၌ ရေလျှံမှုများ စတင်ဖြစ်ပွားလာချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး အထူးသဖြင့် မကြာသေးမီက ရေကြီးမှုဖြစ်ပွားခဲ့သော ပေါ်တိုအယ်လ်ဂျရေးမြို့ ရေနုတ်မြောင်းစနစ် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။
ရီယိုဂရန်းဒေးဒိုဆိုလ်ပြည်နယ် ပြန်လည်တည်ဆောက်ရန်အတွက် ဘရာဇီးအစိုးရသည် ရီယယ် ၈၅ ဒသမ ၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ) ကို လျာထားခဲ့ကြောင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအကြီးအကဲ ပေါ်လိုပိုင်မန်တာက ပြောကြားခဲ့သည်။
အာဂျင်တီးနားနှင့် ဥရုဂွေး နယ်စပ်တွင် တည်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအင်အားစုကြီးဖြစ်သော ရီယိုဂရန်းဒေးဒိုဆိုလ်ပြည်နယ်ရှိ ဒေသခံ ၈၉,၀၀၀ နှင့် တိရစ္ဆာန် ၁၅,၀၀၀ ကို တပ်မတော်သားများနှင့် အရပ်ဘက် စေတနာ့ဝန်ထမ်းများကကူညီခဲ့ကြသည်။ (Xinhua)

……………………….
(English Version)
33 still missing in flooding in Brazil
SAO PAULO, July 1 (Xinhua) — At least 33 people are still missing in Brazil after flooding and landslides wreaked havoc in 90 percent of the southern state of Rio Grande do Sul, leaving 179 people dead, the state’s civil defense agency said Monday.
Days of unprecedented severe weather starting April 29 affected over 2.39 million inhabitants, according to the agency’s latest report.
At the height of the disaster, more than 450,000 people had to be evacuated, said the report.
While the floods began to subside in mid-June, rescue and recovery efforts continued, in particular to rehabilitate urban drainage systems, especially in Porto Alegre, which was hit by flooding again over the weekend after the Guaiba River overflowed.
Brazil’s government has earmarked 85.7 billion reals (about 15 billion U.S. dollars) to rebuild Rio Grande do Sul, according to Paulo Pimenta, who was appointed by Brazilian President Luiz Inacio Lula da Silva to oversee the recovery work.
Rio Grande do Sul, an agricultural and livestock powerhouse located on the border with Argentina and Uruguay, saw more than 89,000 residents and 15,000 animals rescued with the help of soldiers and local volunteers. ■
This photo taken on May 5, 2024 shows rescue team members transferring people affected by flood in Scharlau, Sao Leopoldo, in the state of Rio Grande do Sul, Brazil. (Photo by Claudia Martini/Xinhua)