Connect with us

Africa & Middle East

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အီသီယိုးပီးယားလေကြောင်းလိုင်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၂ ဘီလီယံရရှိ

အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့ရှိ Bole အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသစ်တည်ဆောက်ထားသော ပြည်တွင်းခရီးသည် ဂိတ်ပေါက်တွင် စစ်ဆေးနေသူများကို ၂၀၂၄ ခုနှစ် မေ ၁၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

အဒစ်အဘာဘာ၊ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
အီသီယိုးပီးယားလေကြောင်းလိုင်းသည် ဇူလိုင် ၇ ရက်တွင် ကုန်ဆုံးခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၂ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ငွေပမာဏသည် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း မြင့်တက် လာကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်း အဖွဲ့၏ အမှုဆောင်အရာရှိချုပ် မက်စ်ဖင်း တက်စ်ဆူးသည်က ဇူလိုင် ၂၉ ရက်တွင် ပြောသည်။
လေကြောင်းလိုင်းသည် ယင်းကာလအတွင်း ၅၇၇,၇၄၆ နာရီ ပျံသန်းခဲ့ပြီး ယမန်နှစ်က စုစုပေါင်း ပျံသန်းသည့် နာရီ နှင့် နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်း တိုးလာကြောင်း အမှုဆောင်အရာရှိချုပ် တက်စ်ဆူး သည်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အီသီယိုးပီးယား လေကြောင်းလိုင်းသည် ယင်းကာလအတွင်း နိုင်ငံတကာခရီးသွား ၁၃ ဒသမ ၄ သန်းအပါအဝင် ခရီးသည် ၁၇ ဒသမ ၁ သန်းကို ပို့ဆောင်နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၂ ဘီလီယံရရှိခဲ့ကြောင်း ၎င်းကပြောသည်။ (Xinhua)
……………………..
(English Version)
Ethiopian Airlines reports double-digit rise in revenue
ADDIS ABABA, July 29 (Xinhua) — Ethiopian Airlines earned 7.02 billion U.S. dollars in revenue during the fiscal year 2023/2024, which ended on July 7.
Mesfin Tasew, chief executive officer (CEO) of Ethiopian Airlines Group, said Monday that the revenue saw a 14 percent increase compared to the fiscal year 2022/2023.
The airline flew 577,746 hours during the period, showing a 19 percent increase compared to its total flight hours reported during the previous year, the CEO said in a press briefing.
He said geopolitical conflicts, including the Russia-Ukraine conflict, the Sudan conflict, and the increased fuel prices, have remained the pressing challenges for the global aviation industry.
According to Tasew, despite such hurdles, the airline managed to earn 7.02 billion U.S. dollars by transporting 17.1 million passengers, including 13.4 million international travelers, and carrying 754,681 tonnes of cargo during the period.
People check in at the newly-built domestic passenger terminal at Bole International Airport in Addis Ababa, Ethiopia, on May 18, 2024. (Xinhua/Michael Tewelde)