Connect with us

Asia

အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ ရေကြီးမှုဒဏ်ကို လူပေါင်း ၁ ဒသမ ၁ သန်းကျော် ခံစားနေရ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် နာဂွန်ခရိုင်တွင် ရီမယ်လ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားနေသည်ကို ၂၀၂၄ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုအခြေအနေကို ပိုမိုဆိုးရွားစေပြီး နောက်ထပ်ဒေသများပါ ရေလွှမ်းမိုးမှုဖြစ်ပေါ်လျက်ရှိသည်ဟု ဇူလိုင် ၃ ရက်တွင် အာဏာပိုင်များက သတင်းထုတ်ပြန်သည်။
ခရိုင် ၂၈ ခုရှိ လူပေါင်း ၁ ဒသမ ၁ သန်းကျော်မှာ လက်ရှိ ရေလွှမ်းမိုးမှုဒဏ်ကိုခံစားနေရပြီး သေဆုံးသူ ဦးရေမှာလည်း ၃၈ ဦးအထိ ရှိလာကြောင်း အာသံပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေးဌာန အာဏာပိုင်အဖွဲ့ကပြောသည်။
ဇူလိုင် ၂ ရက်တွင်လည်း ရေကြီးမှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ၁၃၀ ထူထောင်ပြီး အစားအသောက်ဖြန့်ဝေရေးစင်တာ ၃၅၉ ခု ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးစခန်းပေါင်း ၁၃၀ တွင် ပြောင်းရွှေ့နေထိုင်သူ ၁၈,၄၅၉ ဦးရှိပြီး အစားအသောက် ဖြန့်ဝေရေးစင်တာများက လူဦးရေ ၂၆၈,၃၁၇ ဦး ကိုအထောက်အကူပြုကြောင်း သိရသည်။ လက်ခ်ဟင်ပူ၊ ဒဲရိတ်ချ်၊ ဂိုလာဂတ်နှင့်ဒဲမာဂျီခရိုင်တို့တွင် ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံးခံစားရသည်ဟု အာသံပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေးဌာန အာဏာပိုင်အဖွဲ့က ပြောသည်။
မိုးဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းမှုများရှိသည့်အတွက် လာမည့်ရက်များအတွင်း အခြေအနေများပို၍ ဆိုးရွားလာနိုင်သည်ဟု အာဏာပိုင်များက ယူဆထားသည်။ မေလအတွင်းကလည်း ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်သည် ဘင်္ဂလားဒေ့ရှ်နှင့် အနောက်ဘင်္ဂလားကမ်းရိုးတန်းမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် မေ ၂၆ ရက်တွင် အာသံပြည်နယ်၌ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။ ဇွန်လအတွင်း အာသံပြည်နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ပြည်နယ်အတွင်း နေရာအတော်များများတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။ မုတ်သုံရာသီတွင် အာသံပြည်နယ်၌ နှစ်စဉ်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။ (Xinhua)
………………………..
(English Version)
1.1 mln people affected by floods in India’s Assam as water inundates new areas
NEW DELHI, July 3 (Xinhua) — Incessant rains in India’s northeastern state of Assam have worsened the flood situation as water has inundated new areas, officials said Wednesday.
According to the Assam State Disaster Management Authority (ASDMA), over 1.1 million people were affected in the current wave of flooding in 28 districts and the death toll has risen to 38 so far.
Authorities have set up 130 relief camps and 359 relief distribution centers for the affected population.
“So far 18,459 people have been shifted to 130 relief camps and 268,317 people have benefited from the distribution centers,” the official said.
Lakhimpur, Darrang, Golaghat and Dhemaji are the worst affected districts in the state, according to ASDMA.
Officials suspect the situation is likely to worsen in the coming days amid predictions of more rainfall.
In May, Cyclone Remal, which made landfall on the Bangladesh and West Bengal coasts on May 26, had also led to floods in Assam. Later on in the second half of June, Assam received incessant rainfall for over a week, leading to flooding in several parts of the state.
Floods are an annual occurrence in Assam during the monsoon season. ■
A woman fetches water in a flood-affected area after heavy rains following the landfall of Cyclone Remal in Nagaon district, Assam, northeastern India, on May 29, 2024. (Str/Xinhua)