Connect with us

Asia

နီပေါနိုင်ငံ၌ မြေပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၁၅ ဦး ထက်မနည်း ထပ်မံသေဆုံး

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ၌ မြေပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၁၅ ဦးထက်မနည်း ထပ်မံသေဆုံးမှုဖြစ်ပွားကြောင်း ဇူလိုင် ၇ ရက်တွင် ရဲတပ်ဖွဲ့ကပြောသည်။
ဇူလိုင် ၅ ရက် ညနေပိုင်းမှစတင်ကာ မုတ်သုံမိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် နီပေါနိုင်ငံတစ်ဝန်း ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်စေကြောင်း၊ မြေပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၁၅ ဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးကာ အခြားသူ ၁၇ ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း နီပေါရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒန်ဗဟာဒါကာကီက ပြောသည်။
ထို့ပြင် လွန်ခဲ့သောနှစ်ရက်အတွင်း မြေပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် မိသားစု ၁၂၅ စု အိုးအိမ်စွန့်ခွာခဲ့ရပြီး မွေးမြူရေးတိရစ္ဆာန် ရာချီသေဆုံးကာ နိုင်ငံတစ်ဝန်းရှိ အဝေးပြေးလမ်းအချို့ ပိတ်ထားခဲ့ရကြောင်း ၎င်းကပြောသည်။

နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒူရှိ ဒေသအချို့တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မိုးသည်းထန်စွာဆက်လက်ရွာသွန်းပါက အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများ မြင့်တက်နိုင်ခြေရှိကြောင်း ကာကီကပြောသည်။
မုတ်သုံရာသီစတင်သည့် ဇွန် ၁၀ ရက်နောက်ပိုင်း နီပေါနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုနှင့် ဆက်စပ်သော ဘေးအန္တရာယ်ကြောင့် ၄၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။ (Xinhua)


…………………………………………
(English Version)
15 more dead in monsoon-sparked disasters in Nepal
KATHMANDU, July 7 (Xinhua) — At least 15 more people have been killed in landslides and floods in Nepal in the past two days, police said on Sunday.
Incessant monsoon rains since Friday evening have created havoc across Nepal, leaving 15 dead, two missing and 17 others injured in landslides and floods, said Dan Bahadur Karki, the spokesperson for Nepal Police.
He told Xinhua that at least 125 families have been displaced, hundreds of livestock killed and some highways across the country blocked due to landslides and floods in the last two days.
Parts of Kathmandu, Nepal’s capital, have been inundated.
As the rainfall is continuing, the loss of lives and property is likely to increase, Karki said.
Previously 48 people had been killed in rain-induced disasters in Nepal since the monsoon season set in on June 10. ■
This photo shows a flooded residential area after heavy rain in Kathmandu, Nepal, July 6, 2024. (Photo by Sulav Shrestha/Xinhua)