Connect with us

China

တရုတ်နိုင်ငံ၏ “လှည့်လည်သွားလာနေသောဆင်များ” က အဖွဲ့ဝင်သစ်များကို ကြိုဆို

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျင်းဟုန်မြို့၊ Dadugang မြို့နယ်ရှိ ရွှံ့အိုင်တွင် ဆော့ကစားနေသော ဆင်များကို ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်က ဝေဟင်မြင်ကွင်းမှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တစ်ခွင် လှည့်လှည်သွားလာသည့် နာမည်ကျော် ခရီးရှည်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုရရှိထားသော ဆင်အုပ်စုသည် လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ဆင်ပေါက်လေး အသစ်လေးကောင် ပေါက်ဖွားခဲ့ရာ အာရှတောရိုင်းဆင်အရေအတွက် ကောင်းမွန်စွာ ရှင်သန်မှုကို ဖော်ပြလျက်ရှိကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ “လှည့်လည်သွားလာနေသော ဆင်များ” ဟု အမည်ပေးထားသည့် အဆိုပါ ဆင်အုပ်စုသည် ၂၀၂၀ ပြည့်နှစ် မတ်လက ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ သစ်တောကြိုးဝိုင်းမှ ထွက်ခွာလာခဲ့ပြီး မြောက်ဘက်သို့ ဦးတည်၍ ကီလိုမီတာ ၅၀၀ ခန့်အထိ ခရီးနှင်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇွန်လတွင် ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ယင်းဆင်အုပ်စုသည် တောင်ဘက်သို့ တစ်ဖန်ဦးတည်ခရီးဆက်ခဲ့ပြီး နောက်ဆုံး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်၌ မူလနေရာဖြစ်သော ရှစ်‌ဆောင်ပဏ္ဏား အမျိုးသားသစ်တောကြိုးဝိုင်း၊ မိန်ယန်ဧရိယာသို့ ပြန်လည်ရောက်ရှိခဲ့သည်။
၎င်းတို့နေရင်းအရပ်သို့ ပြန်လည်ရောက်ရှိလာချိန်မှစ၍ ထိုဆင်များသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကာ ဆင်ကောင်ရေများမှာလည်း ဆက်လက်တိုးပွားလျက်ရှိသည်။ ထို့ပြင် ဆင်ပေါက်လေးများကလည်း ဖြည်းဖြည်းချင်း ကြီးထွားလာကာ အစာရှာဖွေစား‌သောက်ခြင်းနှင့် သဲများပေါ်လှိမ့်ခြင်း စသည့် အသက်ရှင်ရပ်တည်မှုစွမ်းရည်များကို ၎င်းတို့၏မိသားစုများထံမှ လေ့လာသင်ယူခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ရှစ်ဆောင်ပဏ္ဏားရှိ အာရှဆင် ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးဌာန၊ အကြီးအကဲ ဝမ်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျင်းဟုန်မြို့၊ Dadugang မြို့နယ်ရှိ ရွှံ့အိုင်တွင် ဆော့ကစားနေသော ဆင်များကို ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်က ဝေဟင်မြင်ကွင်းမှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျင်းဟုန်မြို့၊ Dadugang မြို့နယ်ရှိ ရွှံ့အိုင်တွင် ဆော့ကစားနေသော ဆင်များကို ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်က ဝေဟင်မြင်ကွင်းမှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China’s “wandering elephants” welcome new members
KUNMING, Aug. 12 (Xinhua) — The elephant herd that gained widespread recognition for its epic journey through southwest China’s Yunnan Province has welcomed four new babies over the past three years, indicating a healthy and thriving wild Asian elephant population, said local authorities on Monday.
In March 2020, the elephant herd, also dubbed China’s “wandering elephants,” left a forest nature reserve in Xishuangbanna Dai Autonomous Prefecture, Yunnan, and trekked about 500 km northwards to the provincial capital Kunming, arriving in June 2021. The herd then headed south again and finally returned to their original habitat in the Mengyang area of Xishuangbanna National Nature Reserve on Dec. 9, 2021.
Since returning to their homeland, the elephants have been in good health and their population continues to grow. The baby elephants are gradually maturing, learning survival skills such as foraging and sand bathing from their family members, said Wang Bin, head of the Asian elephant protection and management center in Xishuangbanna.
Photo 1, 2, 3: An aerial drone photo taken on Aug. 8, 2024 shows elephants playing in a mud puddle in Dadugang Township in the city of Jinghong, southwest China’s Yunnan Province. (Xinhua/Hu Chao)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.